၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.5K 131 0
                                    

Part 315

စန်းဝမ် နားမလည်နိုင်ဖြစ်သွား၏။
​​ဒါက ဘာဖြစ်နေတာလဲ...

သူ ခေါင်းကိုက်လာသဖြင့်  သူခေါင်းသူထုလိုက်သည်။

"ဟေ့ မင်းတို့ထဲက ဘယ်သူက မနေ့ညက ငိုနေတာလဲ...အဲ့အသံကြောင့် တစ်ညလုံး ကောင်းကောင်း မအိပ်ရဘူး... ခေါင်းကိုက်လိုက်တာ"

မိုင်စွေ့ : "...စန်းဝမ် ပါးစပ်ပိတ်ထား..."

စန်းဝမ် : "ဟေ့ စာမေးပွဲနီးလာပြီ... အဆင့်အတန်းကို မရှိဘူး"

သူ အိပ်ခန်းထဲပြန်ဝင်ထိုင်ပြီး ဘဝအကြောင်း တွေးနေလိုက်သည်။

သူ ရုတ်တရက်ကြီး တစ်စုံတစ်ခုကို အမှတ်ရလာ၏။

မနေ့ညသန်းခေါင်မှာ သူနိုးလာသည်။

ညနေခင်းတုန်းက သူ သိုးသားတွေ အများကြီးစားပြီး တစ်ကိုယ်လုံး ပူလာ၏။ ထို့နောက် သူနှင့် သူ့အစ်ကိုကြီး အိပ်ရာထဲမှာလှဲနေပြီး  ​​အကြီးဆုံးအစ်ကိုကြီးက နွေးနေသည့်အတွက် သူပိုပူလာခဲ့သည်။

သူက ပူနေချိန်မှာ စောင်ကို ကန်ချလေ့ရှိပြီး သူအစ်ကိုကြီးက အအေးဒဏ်ကြောင့် နိုးလာသည့်အခါ သူ့ကို စောင်ပြန်ခြုံပေး လိမ့်မည်ဖြစ်၏။

သူနိုးလာသောအခါ၌  ရေအတော်လေးဆာနေသည့်အတွက်     ရေထသောက်ရန် ဆုံးဖြတ်လိုက်သည်။

သူ စောင်ထဲမှ ဖြည်းညှင်းစွာ ထွက်လိုက်သည်။ အပြင်မှာ  အေးနေပေမဲ့ သူ့ခန္ဓာကိုယ်ကအပူကြောင့်  သူမကြောက်ချေ။ သူက  ဂွမ်းကပ်ဂျာကင် ကို ၀တ်ထားကာ ဖင်ပြောင်ဖြင့် မြေပြင်ကြီးပေါ် ဆင်းလိုက်၏။

သူ၏ဂွမ်းကပ်ခြေအိတ်တွေပေါ် နင်းကာ ပင်မအခန်းကို ရေသောက်ဖို့ သွားခဲ့သည်။ အိမ်၌ ရေနွေးအိုးနှင့် လက်ဖက်ရည်အိုးများကို ထမင်းစား စားပွဲပေါ်တွင် တင်ထားလေ့ရှိပြီး  ရေသောက်သူတိုင်း ကိုယ့်ဘာကိုယ်ငှဲ့သောက်ကြ၏။

အခန်းက မှောင်လွန်းသည့်အတွက် သူ့အနေဖြင့်  ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ စမ်းတဝါးဝါးသွားရုံသာတတ်နိုင်လေသည်။

ပိတ်ရက်တွေမှာဆို အဆင်မပြေဖြစ်ရ၏။ စာမေးပွဲနီးလာပြီဖြစ်သည့်အတွက် သူအာရုံစိုက်ရပေမည်။  လက်ဖက်ရည်အိုးကိုငှဲ့လိုက်သော်လည်း ရေနွေးမသောက်ချင်ပါချေ။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Hikayelerin yaşadığı yer. Şimdi keşfedin