အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.4K 124 2
                                    

Part 329

ဒုတိယအစ်ကိုဟန် ဟန်ချင်စုန့်က လူကြားကောင်းအောင်ပဲပြောနေသည်ဟုတွေးပြီး နှာခေါင်းရှုံ့လိုက်၏။

ဟန်ကျင်းယုက ငိုယိုပြီးပြောလေသည်။

"အစ်ကို့မှာလည်း သမီးတစ်ယောက်ရှိတာပဲ..
တဝမ်နဲ့အားဝမ် နောင်ကျရင်     သူ့ကို အစ်ကိုငါ့ကို ဆက်ဆံသလိုမျိုး ဆက်ဆံရင် အစ်ကိုဒေါသမထွက်ဘူးလား"
ဘာလို့ ဒီလောက်အကြင်နာမဲ့နိုင်ရတာလဲ...

ဟန်ချင်စုန့်က မျက်မှောင်ကြုတ်ကာ
"မင်းနဲ့ဘာဆိုင်လို့လဲ...ငါ့သမီးနဲ့ငါ့သားကြားက ဆက်ဆံရေးက အခုသူတို့ဆက်ဆံရေးရဲ့ ရလဒ်ပဲလေ...ငါ့မိန်းမကိုပဲ ငါဂရုစိုက်တယ်...ဘာလို့ သူတို့ကိုဂရုစိုက်ရမှာလဲ"

ဟန်ကျင်းယု ဒေါသထွက်လွန်း၍
ဘာမှပြန်မပြောနိုင်ဘဲ ငိုပဲငိုနေ၏။

ဟန်ချင်စုန့်က အနောက်ဘက်အခန်းဆီလှမ်းပြောလိုက်သည်။
"ဟောင်ထျန်း ဒီလာ..."

ဟောင်ထျန်း ထွက်လာပြီး အရှေ့ဘက်အခန်းထဲ သို့သွားခဲ့သည်။

အခန်းထဲသို့ဝင်လိုက်သည်နှင့် အဖွားကြီးဟန်က  ပန်းကန်လုံးတစ်လုံးကို ကောက်ယူပြီး ပစ်ပေါက် လိုက်သည်။ ဟန်ချင်စုန့် ဟောင်ထျန်း ၏ မျက်နှာကို ပန်းကန်ကွဲစမရှစေရန်   ပန်းကန်လုံးကို အမြန်ဆွဲယူလိုက်၏။

အဖွားကြီးဟန်က နှာပြင်းပြင်းမှုတ်ကာပြောသည်။

"တတိယမိသားစု ဒုတိယမိသားစု လာပြီး အိမ်ကို သပ်ရပ်အောင် လုပ်"

ဟန်ချင်စုန့်ကပြန်ပြော၏။
" ဒုတိယအစ်ကိုနဲ့​ကျွန်တော် လာခဲ့မယ် "
 
သူက တံမြက်စည်းနှင့် ဂေါ်ပြားကိုသွားယူပြီး ဂေါ်ပြားကို ဒုတိယအစ်ကိုလက်ထဲထည့်လိုက်သည်။

ဒုတိယအစ်ကို ဟန်:" မင်းငါ့ကို ဘာလုပ်နေတာလဲ
ငါဘယ်တုန်းကမှ အိပ်အလုပ်မလုပ်ဘူးကွ...မင်းလိုမျိုး လူတိုင်းက သူတို့မိန်းမတွေကို မိန်းမအိုကြီးတွေရဲ့ အလုပ်ကို ကူညီတယ်များ ထင်နေလား"

ဟန်ချင်စုန့်က ဂေါ်ပြားကို သူ့လက်ထဲ အတင်းထိုးထည့်သဖြင့် သူ့မှာ ကိုင်ထားရန်ကလွဲလို့ ရွေးစရာလမ်းမရှိတော့ဘဲ မြေကြီးပေါ်ရှိ ကွဲနေသောအစားအသောက်ပန်းကန်လုံးကို ဂေါ်ပြားနှင့်ကော်လိုက်၏။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Tempat cerita menjadi hidup. Temukan sekarang