အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.1K 98 0
                                    

Part 431

လင်းလန် စိတ်သက်သာရာရသွားသော်လည်း ၎င်းကို တွေးကြည့်ပြီးနောက် မိုင်စွေ့ကို ထပ်မေးပေမဲ့ အဖြေကအားဝမ်နှင့်အတူတူပါပင်။ သူမ စန်းဝမ်ကိုပါ  တိတ်တိတ်လေး  မေးလိုက်သည်။

စန်းဝမ်က   ရယ်ပြီးပြော၏။
"မားမား... အစ်ကိုကြီး မားမားကို တနေကုန် ခိုးကြည့်နေတာ ...အဲ့ဒါကို မားမားသိလား"

လင်းလန်: "..."

နင် ငါ့ကို ဘာလုပ်စေချင်တာလဲ...ငါ့မှာ လျှို့ဝှက်ချက် တစ်ခုမှမရှိဘူးနော်...

စန်းဝမ်က လင်းလန်၏ခါးကို ပုတ်ပြီးဆိုလေသည်။

"မားမား..  စိတ်မပူပါနဲ့ အစ်ကိုကြီး အဆင်ပြေပါတယ်...ဘယ်သူမှာ အဲ့လိုရက်တွေ မရှိဖူးလို့လဲ"

လင်းလန်: "... ဘာရက်တွေလဲ"

ဘေဘီ မင်းက မင်းအစ်ကိုကြီးထက် ပြသနာတွေ ပိုကြီးနေပုံရတယ်...

စန်းဝမ် : "စိတ်အခြေအနေ  မကောင်းလို့ ကိုယ့်ကိုယ်ကိုတောင် မဖြစ်ချင်ဘူး"

လင်းလန်: "...လာမားမားကို​ပြော... ဘာလို့ စိတ်အခြေအနေမကောင်းပြီး ကိုယ့်ကိုယ်ကို မဖြစ်ချင်တာလဲ... သားက ဘယ်သူဖြစ်ချင်တာလဲ... မားမာလည်းအဲ့လိုဖြစ်ဖူးတာပဲ"

စန်းဝမ်: " ဟီးဟီး... မားမားကအဖေနဲ့ဆိုရင် ကလေးလိုပဲဆိုတာ သားမသိဘူးမထင်နဲ့..."

အလကား  ဖက်ချင်လို့၊ကိုင်ချင်လို့၊အချော့ခံချင်လို့ချည်း...ဘယ်မှာမှ စိတ်အခြေအနေမကောင်းတာမဟုတ်ဘူး...

ဒါပေမဲ့ ဒီတိတိက အခုအသက်ဆက်ရှင်လိုစိတ် ပြင်းပြနေတော့ အဲ့ဒါကိုပြောမှာမဟုတ်ဘူး...

ဟေ့ ဒီကောင်လေးးး... လင်းလန်က သူ့နားရွက်ကို လိမ်ပြီး “သွား ခြေထောက် ရေဆေးချေ"ဟုပြောလိုက်သည်။

ငါ့မှာ နှစ်ရက်လောက် ရေမကူးရတဲ့အပြင် ခြေထောက်လည်း ရေဆေးရဦးမယ်...

စန်းဝမ်က ရယ်ပြီး ရှောင်ပိုင်နှင့်သူညီလေးကို သွားစလေ၏။

စန်းဝမ်  နှင့် ရှောင်ဝမ်တို့၏ ခြေထောက် လေးချောင်းက နှင်းဖြူကြွေရည်သုတ်ထားသော ဇလုံထဲတွင် ထည့်ထားသည်။ ရှောင်ဝမ်၏ခြေထောက်က ဖြူဖွေး နူးညံ့ပြီး စန်းဝမ်ကမူ မည်းနက်နေကာ အာဖရိကတိုက်မှလာသကဲ့သို့ဖြစ်နေသဖြင့်  ပိုမို မျက်စိဖမ်းစားနိုင်နေ၏။စန်းဝမ်ကသူ၏ ခြေထောက်မည်းမည်းဖြင့် ရှောင်ဝမ်၏ခြေထောက်ပေါ် နင်းပြီးဆိုလိုက်သည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Donde viven las historias. Descúbrelo ahora