အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.1K 103 0
                                    

Part 427

ဤကိစ္စကို ဟန်ချင်စုန့် စိတ်မပူသည့်အတွက် လော့ဟိုင်ချန်ကိုလုပ်ခိုင်းလိုက်၏။ လော့ဟိုင်ချန်က  အမျိုးမျိုးသော ကွန်မြူနတီတွေကို မကြာခဏသွားလေ့ရှိပြီး လူတိုင်းကို ကောင်းကောင်းသိလေသည်။သူကဒေသခံ ပြည်သူ့စစ်ကပ္ပတိန်နှင့် တပ်ခွဲမှူးကို စုံစမ်းခိုင်းလိုက်ပြီး မကြာမီး သိရမည်ဟု​ဆို၏။

ရက်အနည်းငယ်ကြာပြီးနောက် လော့ဟိုင်ချန်းက ဟန်ချင်စုန့်ဆီသို့ သတင်းပို့ခဲ့သည်။

ဟန်ကျင်းယု၏ကိစ္စကြောင့် လော့ဟိုင်ချန်း ဟန်ချင်စုန့်အတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိသေးသော်လည်း ဟန်ချင်စုန့် ၎င်းကိုစိတ်မ၀င်စားသောကြောင့် အလေးအနက်မထားခဲ့ပေ။

ဟန်ကျင်းယု၏ကောက်ကျစ်သောကိုယ်ရည်ကိုယ်သွေးကြောင့်မဟုတ်ပါက သူမ၏အသွင်အပြင်ကိုလက်ခံလုနီးပါးဖြစ်သည်ဟုသူခံစားရသည်။

"ခေါင်းဆောင်ဟန်... သူတို့ပတ်ဝန်းကျင်က အတွင်းသိတွေအရ လျိုဟောင်ကျဲက သူ့အိမ်နီးနားချင်းရဲ့ ခယ်မဖြစ်သူရဲ့ သွေးဆောင်မှုကို ခံခဲ့ရပါတယ်... အခင်းဖြစ်ချိန်မှာ ခယ်မက သူ့သမီးကို မုဒိမ်းကျင့်ချင်နေတယ်လို့ လိမ်လည်စွပ်စွဲခဲ့တယ်...ရလဒ်အနေနဲ့ သူက အဖမ်းခံရပြီး ရိုက်နှက်ထောင်ချတာကို နှစ်လလောက်ခံလိုက်ရတယ်”

တခြားသူတွေက သဘာဝအတိုင်း မသိပေမဲ့ နောက်ပိုင်းမှာ ခယ်မက ပါးစပ်ကနေ တခုခုကို မတော်တဆ ပြောမိလိုက်သည်ကို လူတချို့ကြားခဲ့ရသည်။ကလေးမလေးက သိတတ်လာသောအခါတွင်လည်း တချို့လူတွေက လျိုဟောင်ကျဲက သူမကိုထိခဲ့သလားဟု မေးခဲ့သည်။သူမက ကြီးပြင်းလာပြီး ကိုယ်ပိုင်အသိဉာဏ်ရှိလာသဖြင့် မဟုတ်ဘူးဟု ပြောခဲ့၏။ နောက်ပိုင်းမှာ ဟုတ်တယ်ဟု ပြောရန် သူမအမေက ခိုင်းခဲ့ခြင်း ဖြစ်နိုင်သည်။

လူတိုင်းက သူ မလုပ်ခဲ့ဘူးဟု ထင်ကြ၏။

ဟန်ချင်စုန့်:"မင်းအတွက် ခက်ခဲခဲ့မှာပဲ"

လော့ဟိုင်ချန်က  ပြုံးပြီးပြောသည်။
"ဒါက ခက်ခဲတဲ့အလုပ်မဟုတ်ပါဘူး...လုပ်ပေးသင့်တာပါ"

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now