အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.4K 106 0
                                    

Part 450

လျိုဟောင်ကျဲက သူမကို ဖက်ပြီး သူမမေးရိုးကို လက်တစ်ဖက်ဖြင့် ကိုင်ကာ နှိမ့်ချ ကြည့်လိုက်သည်။

ဟန်ကျင်းယု  အစတွင် လန့်ဖျပ်သွားပြီး လူအများက သူမကို အတင်းအဖျင်းပြောမည်ကို ကြောက်ရွံ့သဖြင့် ငြင်းဆန်ချင်သော်လည်း  သူ့ရင်ခွင်ထဲတွင် ထို့ကဲ့သို့ပင် အတင်းအကြပ် ချုပ်နှောင်ထားခြင်းခံရကာ သူ့ထံမှ ဤကဲ့သို့ အကြည့်ခံရနေရသည်က သူမ တကိုယ်လုံး အားနည်းသွားသလို ခံစားရစေသည်။

လျိုဟောင်ကျဲ၏လက်က သူမအကျီထဲသို့ ရုတ်တရက်ရောက်လာပြီး သူမ၏ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်သည်။

   
"အားး——"
ရုတ်ချည်း  အေးစက်မှုက ဟန်ကျင်းယုကို ထခုန်မိသွားစေပြီး သူမ ချက်ချင်း နောက်ဆုတ်ကာ သူ့ကို ဒေါသတကြီး ကြည့်လိုက်၏။
"ရှင်...ရှင်..."

လျိုဟောင်ကျဲကမူ  အပြစ်ရှိစိတ်မရှိသလို ထိတ်လန့်တကြားလည်းဖြစ်မသွားဘဲ အရာအားလုံးက ရှုခင်းကြည့်နေရသလို  သဘာဝကျကျလေးနှင့် လန်းဆန်းနေသကဲ့သို့  ပြုံးနေသေးသည်။

"ရှင်..."

ဟန်ကျင်းယုက သူ့ကိုစိုက်ကြည့်ကာ
"ရှင် ကျွန်မကိုကစားချင်တာလား..."

လျိုဟောင်ကျဲက ပြုံးရုံပြုံးကာဆို၏။

"မင်းတကယ်ရယ်ရတယ်... ငါမင်းကိုလက်ဆောင်အကြီးကြီးနဲ့လက်ထပ်ဖို့ကမ်းလှမ်းခဲ့တာ... ဘယ်လိုလုပ်ပြီး ကစားတာဖြစ်မှာလဲ...ကစားတာဆိုတာ ဘာကိုခေါ်တာလဲနားလည်ရဲ့လား... မချစ်ဘဲ လက်မထပ်ဘဲ...မင်းနဲ့အိပ်ရုံအိပ်တာကို ကစားတာလို့ ခေါ်တယ်"

သူက ထိုသို့   ညစ်ညမ်းသော စကားလုံးများ ပြောသောအခါ ဟန်ကျင်းယု ဒေါသကြောင့်    တုန်တုန်ယင်ယင်တွေဖြစ်လာပြီး သူ့အား သူမကို အမြန် ခွင့်လွှတ်ရန်တောင်းပန်လာစေချင်ခဲ့သည်။

သို့ပေမဲ့  သူက သူမကို ဤအတိုင်းပဲ ကြည့်နေပြီး သူ့မျက်လုံးတွေကမူ သားကောင်က မလွတ်မြောက်နိုင်ဘူးဟူသော စိတ်ပိုင်းဖြတ်မှုအပြည့်နှင့်။

သူမ ဒေါသထွက်လွန်း၍ ငိုမိပြီး ခြေဆောင့်ကာ ပြောလိုက်သည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Hikayelerin yaşadığı yer. Şimdi keşfedin