အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1K 96 0
                                    

Part 438

ဟန်ချင်စုန့်: "သူက အသက်ကြီးပြီ...ပထမတန်းမှာနေရတာ ရှက်နေလောက်တယ် ... တတိယတန်းမှာ တက်ခိုင်းလိုက် "
သူ့ညီ/ညီမတွေနဲ့ အတူတူပေါ့...

လင်းလန် : "သူ စတုတ္ထတန်းတက်ချင်တာ"

ဟန်ချင်စုန့်: "..... ရည်မှန်းချက်ကြီးလွန်းတယ်"

လင်းလန်လည်း ထိုသို့နည်းနည်းလေး ခံစားရပေမဲ့ ဟန်ချင်စုန့်အား တဝမ်ကို ယခုလို မပြောစေချင်ပေ။

"အခု သူက ကျောင်းမှာ သိပ်မလေ့လာဖြစ်တော့ဘူး... သူ့အသက်အရွယ်ကြောင့် ရင့်ကျက်တဲ့ ဦးနှောက်ရှိတယ်...အဲ့ဒါကြောင့် နားထောင်နိုင်လောက်မယ်ထင်တယ်"

ယခင်က တဝမ်ကို အေးတိအေးစက် ဆက်ဆံမယ်ဟု သူမက ပြောခဲ့ပေမဲ့ ယခု သူ့အတွက် သူမဘာသာသူမ အကြောင်းပြချက်တွေ ရှာပေးနေခဲ့၏။

သူမပြောစကားကိုကြားသောအခါ ဟန်ချင်စုန့်ကပြောလိုက်သည်။

"ဒါဆို ဆရာမကို စာမေးပွဲဖြေခိုင်းလိုက်...သူ အောင်ရင် အတန်းကျော်လိမ့်မယ်"

သူက အောက်ဆုံးကနေ တစ်ဆင့်ပြီးတစ်ဆင့်သွားရသည်ကို သဘောကျပြီး အချိန်မရွေး အောင်မြင်ရန် အလျင်စလို မလုပ်သင့်ပေ။

လင်းလန်က ခေါင်းညိတ်လိုက်သည်။

ဟန်ချင်စုန့်က အဘွားကြီး၏အိမ်ကို သွားမည်ဖြစ်၍ လင်းလန်ကို လိုက်မလားဟု မေးသည်။

လင်းလန်က ပြုံးပြီးဆိုလိုက်၏။
"သွားနှင့်...ဆွေးနွေးပြီးမှ ကျွန်မကို အသိပေးပါ"

ဟန်ချင်စုန့်က ခေါင်းညိတ်ပြသော်လည်း ထွက်မသွားသေးဘဲ သူမကိုပဲ ကြည့်နေသည်။

လင်းလန်က သူ့ကို လှမ်းနမ်းလိုက်ပြီး  နောက်ပြန်ဆုတ်ချင်သော်လည်း သူ့ဆီကနေအ ချုပ်ခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ပေ။ အနမ်းရှည်ကြီးအပြီးနောက် သူမ၏အဆုတ်စွမ်းရည် တိုးတက်လာသည်ကို ခံစားလိုက်ရ၏။

သူမ သူမနှုတ်ခမ်းကို လျှာသပ်ပြီးပြောလိုက်သည်။
"မြန်မြန်သွား"

ဟန်ချင်စုန့်က ရုတ်တရတ် ခေါင်းလှည့်ကာ  အပြင်ကိုကြည့်လိုက်ပြီးဆို၏။
"တံခါးနားမှာဘယ်သူလဲ ... ဝင်လာခဲ့"

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Hikayelerin yaşadığı yer. Şimdi keşfedin