အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.4K 119 1
                                    

Part 322

လင်းလန်က သဘာဝအားဖြင့် ကလေးများကို ဘာမှ စိတ်ထဲမထားပေ။ ကုမိန်က အနည်းငယ် ရှက်ရွံ့နေသည်ကို ကြည့်ပြီး ပြုံးကာ သူမကို မိုင်စွေ့နှင့် အတူတူထိုင်ခိုင်းလိုက်သည်။

"အန်တီ သမီးအမေကိုအစားအသောက်တွေ ရေတွေကူချပေးလိုက်ဦးမယ်...သမီးစားနှင့်နော်"

ကုမိန် ပါးစပ်ပိတ်လျက်ပင် အသံပြုလာ၏။

မိုင်စွေ့က ပြောလိုက်သည်။ “မမ... ဘာဖြစ်နေတာလဲ...အဆင်မပြေဘူးလား"

ကုမိန် က ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး ...မြေပဲကြော်ရှိတယ်...နင့်ဖို့ယူပေးရမလား"

မိုင်စွေ့က ငြင်းလိုက်၏။
“ငါ အဲ့ဒါကို အခုမကြိုက်တော့ဘူး...အဲ့ဒါအများကြီးစားရင် အဆီပြန်တယ်လို့ ငါ့အမေကပြောတယ်...အဲ့ဒါကြောင့် အများကြီးစားလို့မရဘူး"

ကောင်းလျန့်က ထိုစကားကိုကြားသောအခါ နှုတ်ခမ်းလေးတွန့်လေသည်။
“နည်းနည်းစားရင် အဆီပြန်မှာကျနေ ... မကြိုက်ရင်ပေးနော် ငါကချစ်စရာကောင်းတော့ မကြောက်ဘူး...."

မိုင်စွေ့ကက ပြုံးပြီးဆိုလိုက်၏။  “အိမ်မှာဆို တတိယအဒေါ်က အများကြီးပေးတယ်..
စားတောင်မစားချင်တော့ဘူး"

ကောင်းလျန့် မျက်လုံးလှန်လိုက်မိသည်။

မိုင်စွေ့က သူမကို ဂရုမစိုက်ဘဲ ကုမိန်နှင့်သာ စကားပြောနေ၏။

ပထမချွေးမဟန်က  ဟင်းပွဲတွေ အားလုံးကို တောင်အနွေးကုတင်ပေါ် ယူလာခဲ့ပြီး လင်းလန် ကလည်း ဟင်းပွဲ အကုန်လုံးကို မြောက်အနွေးကုတင်ဆီယူသွားလိုက်သည်။

ဒုတိယချွေးမဟန်၏ မိသားစုက တူများများကို ချက်ချင်းကောက်ကိုင်ပြီး ဟင်းပွဲများကို တန်းစားတော့၏။ ရှောင်ဖူက  နှာခေါင်းနှိုက်နေဆဲဖစ်ပြီး မိုင်စွေ့ ရုတ်တရက်တုံ့ပြန်လာခဲ့သည်။

လက်ရှိအချိန်တွင် သူမကို လင်းလန်က ညင်သာနူးညံ့ပြီး ယဥ်ကျေးသိမ်မွေ့သောပုံစံဖြင့် ပျိုးထောင်ပေးခဲ့သည်ဖြစ်ရာ လူတွေ   တူများကို ဖြစ်ကတတ်ဆန်းကိုင်ပြီး  လေပန်းရင်းစားသောက်နေကြသည်ကို မြင်တွေ့ရသည်မှာ အဆင်မပြေလှပေ။ အထူးသဖြင့် ဒုတိယချွေးမဟန်၏မိသားစုက ညစာ စားပွဲပေါ်တွင် ပြဿနာအားလုံးစုပုံထားသည်ကိုကား ပြောစရာပင်မလိုချေ။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Opowieści tętniące życiem. Odkryj je teraz