Part 436
မည်သို့ပင်ဖြစ်ပါစေ သူတို့ ယခုလိုမျိုး မလုပ်ခဲ့ဖူးသည်လည်းမဟုတ်ပေ။ယခင်ကဆိုလျင် သူတို့မိသားစုက မဝမလင်စားသောက်ပြီး ဟန်ကျင်းယုနှင့်ဟန်ချင်ဟွ ကျောင်းတက်ရန် စုခဲ့ဆောင်းခဲ့ရ၏။
"နင်ဘာတွေပြောနေတာလဲ...နင်ဘယ်လိုပြောလိုက်တာလဲ"
အဘွားကြီးဟန်က ဆတ်ဆတ်ခါအောင် ဒေါသထွက်ပြီး ဒုတိယချွေးမဟန်ကို ယက်တောင်နှင့် ပြေးရိုက်ကာ ဟန်ကျင်းယုကလည်း ဒုတိယချွေးမဟန်ကို တစ်စစီလုပ်ပစ်ချင်သဖြင့် အခန်းအပြင်ကို ပြေးထွက်လာသည်။
အစ်ကိုကြီးဟန်: "ကောင်းပြီ...အေးအေးဆေးဆေးဖြေရှင်းကြပါ...ကိစ္စအကြောင်းပြောရအောင် "
လင်းလန်က သူမမျက်နှာနှင့် လည်ပင်းကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်သည်။ ခြံဝင်းငယ်က လေလုံပြီး သူမအိမ်ထက် ပိုပူသည်။
ဒုတိယချွေးမဟန် အေးစက်စွာ နှာခေါင်းရှုံ့ကာ လင်းလန်ဘေးတွင် ထိုင်ပြီး ဟန်ကျင်းယု နှင့် ခပ်ဝေးဝေးနေခဲ့သည်။
သူမက ပထမချွေးမဟန်ကို ပုတ်လိုက်ပြီးဆို၏။ “ယောင်းမ...နင်ပြော...နင်က နှစ်ရှည်အိမ်ရှင်မလုပ်ခဲ့တာ...နင်မပြောရင် ဘယ်သူပြောမလဲ”
ပထမချွေးမဟန်: “ရပါတယ်...ငါက စကားကောင်းကောင်း မပြောတတ်ဘူး... ယွမ်တစ်ရာနဲ့ စောင်ဆယ်ထည် ပေးပါလို့ ပြောရင်တောင် ပေးဖို့ရှိဦးမှကိုးး"
အစားအသောက်နှင့် ထင်းအပြင် သူမမှာ အိမ်တွင် ပစ္စည်းအနည်းငယ်သာ ရှိ၏။ သူမ အိမ်တွင် စောင်နှစ်ထည်သာ ရှိပြီး သမီးနှင့်သားက သူ့ဘေးမှာ အိပ်နေရတုန်းပင်။ သူမ ဟန်ကျင်းယုအတွက် စောင် ဘာလို့ပေးရမှာလဲ...
ကိုယ့်ဘာကိုယ် ဆက်ပြီးအိပ်မက်မက်နေလိုက်...
ပထမချွေးမဟန်က ယခုလိုပဲတစ်သံတည်းပြောနေသည်ကိုမြင်သောအခါ ဟန်ကျင်းယုကပြောလေသည်။
"အစ်ကိုကြီး...နင် ငါ့ကိုဒီလိုဆက်ဆံနေတာလား"
အစ်ကိုကြီးဟန် အကျပ်ရိုက်နေ၏။
"ဒါဆို နင်ဘာတွေ ပြောနေတာလဲ...အထည်လက်မှတ်နဲ့ ဂွမ်းလက်မှတ်တွေ မရှိဘူး..."
YOU ARE READING
အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်
General Fictionအပိုင်း၃၁၁စပါ့မယ်ရှင့်အရှေ့အပိုင်းများကို accထဲတွင်ရှာ၍ဖတ်နိုင်ပါတယ်😊