အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.3K 117 0
                                    

Part 344

ဟန်ရုံဖန်  သူမ ပြဿနာမရှာတော့ကြောင်း တွေ့သဖြင့် အများကြီးမပြောတော့ပေ။

"ဒီလိုဆို ပြေလည်သွားပြီ.. နှစ်သစ်ရဲ့ ရှစ်ရက်နဲ့ ကိုးရက်မြောက်နေ့မှာ နင်တို့ တကယ်ကွဲသွားလိမ့်မယ်...ပြဿနာမရှာနဲ့... နှစ်​သစ်​အတွက်​ ငါအလုပ်​ရှုပ်​​နေမှာ... တရုတ်​နှစ်​ကူးကြီးကို...တကယ်ပါပဲ"

ထိုသို့ပြောပြီး​နောက်​ သူထွက်​သွားသည်​။

အဘိုးကြီးဟန် သူထွက်သွားသည်ကို လှမ်းမြင်လိုက်ရ၏။ တံခါးဝကို ရောက်သည့်အခါ ဟန်ရုံဖန်က  သူ့ကို တစ်ချက်ကြည့်ပြီး  သူ့ကလေးဘဝကို သတိရကာ ဒေါသတကြီး ပြောလိုက်သည်။

"တကယ် ခုနစ်နှစ်သားပဲ"

အဘိုးကြီးဟန်က   ဘာကိုဆိုလိုသည်ကို နားမလည်ဟု ညည်းလေ၏။

ဟန်ရုံဖန် အဘိုးကြီးဟန်ကို အချိန်အကြာကြီး စိုက်ကြည့်နေပြီး သူက(အဘိုကြီးဟန်က) ခါးကုန်းကာ မျက်လုံးများမှုန်၍ နှာခေါင်းကလည်း တွဲလောင်းကျနေပြီ(အရေတွန့်)ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဟန်ရုံဖန် သူ့နှုတ်ခမ်းဝသို့ ရောက်လာသည့် စကားလုံးကြမ်းများကို တစ်ခွန်းမှ ပြောမထွက်နိုင်တော့ပေ။စင်စစ်အား​ဖြင့် အဘိုးကြီးဟန်က သူ့ထက် နှစ်အများကြီး ပိုငယ်သည်ကို အဘယ်ကြောင့် သူ့ထက်  အသက်ပိုကြီးနေပုံပေါ်ရသနည်း။

ဟန်ရုံဖန် လေးတွဲ့စွာ သက်ပြင်းချလိုက်ရ၏။ မိသားစုတိုင်းတွင် ရွတ်ဆိုရခက်သည့် ကျမ်းဂန်များရှိပြီး သူတို့က မှိန်း၍သာနေကြသည်။

    "မင်း... ကောင်းကောင်း ဘဝကို ဖြတ်သန်း ...မင်းဘာလို့ ဒီလို နေရတာလဲ... ဆေးလိပ် လျှော့သောက်... မင်းရဲ့ တတိယသား စကားကို ပိုနားထောင်"

ဟန်ရုံဖန်က အဘိုးကြီးဟန်၏  ပုခုံးကို ပုတ်ကာ ခေါင်းယမ်းပြီး ထွက်သွားခဲ့သည်။

ထိုကဲ့သို့ဖြင့် အဖွားကြီးဟန် လုံးလုံးလျားလျား အရှက်ရသွားပြီး ဖျားနေ၍ အနွေးကုတင်ပေါ်တွင် မအိပ်နိုင်ဟု ဒေါသတကြီးပြောကာ ချွေးမများအား သူမကိုပြုစုစေချင်ခဲ့၏။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Donde viven las historias. Descúbrelo ahora