အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.1K 89 0
                                    

Part 432

လင်းလန် :  ဒါဆို မင်းဘာလို့ရုတ်တရက်ကြီး စာလုပ်​ချင်နေတာလဲ

မင်းက မိန်းကလေးတစ်ယောက်ကို သဘောကျပြီး သူနဲ့ အတူရှိချင်တာကြောင့်မဟုတ်ဘူးလား...
သူက အသက် 12 နှစ်သာရှိသေးသော်ငြား အရွယ်ထက်ပိုစောပြီး လူပျိုဖော်ဝင်သည်ကလည်း ဖြစ်နိုင်သည်။

တဝမ် : "... ကျွန်တော်က စာအုပ်တွေ ထူးထူးဆန်းဆန်း  ဖတ်နေတယ်... "

ခင်ဗျားမျက်လုံးထဲမှာ ကျွန်တော်က ဘယ်လောက်ထိ စာဖတ်တာကို မကြိုက်တာလဲ...

လင်းလန်: ဟားဟားဟား... ငါကအခု  ပူတင်းနက်လေးပဲ... အရှက်ကွဲမှာ ကြောက်မနေတော့ဘူး...

"သား မားမားက... အဲ့လိုတွေတွေးတာမဟုတ်ပါဘူး ...အသက်ကြီးလာရင် ဒီအရွယ် ကောင်လေးတွေက  ဆယ့်သုံးနှစ် ဆယ့်လေးနှစ်လောက်မှာ တချို့သောအတွေးတွေဖြစ်ဖို့  လွယ်တယ်"

တဝမ်: "ဘာအတွေးတွေလဲ "

လင်းလန်:"...ကောင်းပြီ... မင်းမှာ
ဘာအတွေးမှမရှိဘူးဆိုရင် အကောင်းဆုံးပေါ့...အတွေးတစ်ခုခုရှိလာရင် မားမားဆီကိုလာခဲ့"

သူမ ခြေကို မြှောက်ပြီး တံခါးကနေ  ထွက်လာခဲ့လိုက်သည်။

တဝမ်: "ဘာလို့သွားတာလဲ"

လင်းလန်: "မင်းအဖေကို သွား​ကြိုမလို့"

ရှက်စရာအလွန်ကောင်း၏၊ သူမက သူမသားကို နည်းပေးလမ်းပြလုပ်ပြီး လူပျိုဖော်ဝင်စ ပြဿနာအကြောင်း ပြောပြချင်သော်လည်း သားဖြစ်သူက လုံးဝ  နားမလည်ပေ။

လင်းလန်က  အပြင်မှာ စိတ်ကိုအေးအေးထားပြီး   လမ်းလျှောက်နေလိုက်သည်။ ကောင်းကင်မှာ တိမ်တွေက လူးလွန့်နေပြီး လမင်းကြီးကို တိမ်တွေ ဖုံးလွှမ်းနေ၏။ အပြင်မှာ အလင်းရောင်မရှဘဲ အတော်လေး  မှောင်နေပေမဲ့  မျက်လုံးမှိတ်သွားလျှင်ပင် အိမ် မမှားနိုင်ပေ။

လမ်းဆုံသို့ရောက်သောအခါတွင် အရပ်ရှည်ရှည် အနက်ရောင် ပုံသဏ္ဍာန်တစ်ခုက သူမရှေ့သို့ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသဖြင့်  ချက်ချင်း ပြေးကာ "စန်းကော... ပြန်လာပြီလား"ဟု  ဝမ်းသာအားရ ပြောလိုက်သည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Tempat cerita menjadi hidup. Temukan sekarang