အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.4K 125 1
                                    

Part 334

လင်းလန်  အနှီကောင်လေး၏အပြုံးက ပုံမှန်ဟုတ်မနေသည်ကို မြင်လိုက်ရပြီး ရုတ်တရက် မကောင်းသည့် ကြိုတင်သတိပေးချက်တစ်ခုခံစားရပြီး ကိုယ့်နဖူးကိုကိုယ် လက်ဖြင့်ရိုက်လိုက်သည်။  အရက်သောက်နေစဥ်က သူမမှာ အသိရှိသေးသော်လည်း အဘယ်အကြောင့်  နောက်ပိုင်းမှာ အသိစိတ်လွတ်သွားရသနည်း။

သူမ လက်ကို မြှောက်ပြီး နာရီကြည့်လိုက်ရာ ဆယ်နာရီခွဲပဲရှိသေးပြီး သူမနာရီဝက်ပဲ အိပ်သေးသည်လော။

အချိန်တိုလေးအတွင်းမှာ သူမဘာသာ မူးသွားပြီး အမူးသမားတစ်ယောက်လိုပြုမူကာ နာရီဝက်အတွင်း အိပ်ပျော်သွားခြင်း ဖြစ်နိုင်သည်လော။

သူမ နိုးလာသည်ကိုကြားသောအခါ အခြားကလေးများလည်း အမောတကော ဝင်လာပြီး သူတို့ ပါးပြင်များက အအေးဒဏ်ကြောင့်နီမြန်းနေ၏။

တစ်ယောက်ပြီးတစ်ယောက် သူမကို ဝမ်းသာအားရ ကြည့်လာ​ကြသည်။

  လင်းလန်၏ စိတ်ထဲတွင် သတိပေးချက်အသံတစ်ခုမြည်ဟီးလာပြီးပြောလိုက်၏။
"... ငါ့နောက်ကွယ်မှာ မင်းတို့ဘာ မကောင်းတာတွေလုပ်ထားသေးလဲ"

"ဟားဟားဟား..."
စန်းဝမအ နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ခါးထောက်ကာ ရယ်လိုက်သည်။

"မားမား... အခုကနေစပြီး ကျွန်တော်တို့ကို မရယ်တော့နဲ့"

အရက်သောက်ပြီး ရူးသွားတာလား...

အိုး ဘုရားရေ...

သူမ ကိုယ့်နဖူးကိုယ် ရိုက်လိုက်ပြီး သူမခေါင်းကနာကျင်နေကာ  သူမနှင့် စကားပြောနေသည့် ဟန်ချင်စုန့်ကို ယောင်ဝါးဝါး မှတ်မိလာခဲ့သည်။

အမှန်တော့မဟုတ်ဘူးမလား...

စန်းဝမ်က ရုတ်တရက် အနွေးကုတင်ပေါ်ခုန်တက်ကာ သူ့လက်မောင်းများက အားဝမ်၏လည်ပင်းကို သိုင်းဖက်၍ သူ့အသံကို နူးညံ့စွာနှင့်ကလူတူတူနိုင်စွာ ညှစ်ထုတ်လျက်ဆို၏။

"...ဟန်ချင်စုန့်... ကျွန်မမှာ ကောင်လေးရှိနေပြီ..."

"စန်းဝမ်းးးးးး..."

လင်းလန် ရုတ်တရက် ပေါက်ကွဲသွားသည်။

ထိုသို့သော ကြောင်သူတော် မင်းသမီးက *ကျုံယောင်စတိုင် ခံစားနေရသူ မဟုတ်သည်မှာ သေချာသည်။
(T/N–ဒရာမာဆန်ဆန်)

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Hikayelerin yaşadığı yer. Şimdi keşfedin