အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.3K 124 0
                                    

Part 345

အဆုံးတွင် ဟန်ချင်စုန့်က သူမကို မမြင်လိုက်သလို ပြုမူကာ စကားပြောရန် အစပျိုးမှု လုံးဝမလုပ်ခဲ့ပေ။

ဟန်ကျင်းယု  နာကျည်းစွာ ငိုတော့မည်ပြု၏။

ယခင်တုန်းက တစ်နေ့ကို ထမင်းသုံးနပ်ချက်ျပးသည့် ပထမချွေးမဟန်ရှိသည်။ ပြောစရာပင်မလိုခဲ့၊ သူမက ထမင်းဟင်းယူလာပြီး ပြင်ဆင်ပေးကာ အားလုံး အဆင်သင့်စားကြရုံပင်။

ယခု ပထမချွေးမဟန်က သူမသားကို ခေါ်ပြီးထွက်သွားသည့်အခါ  ရုတ်တရက် တစ်မိသားစုလုံး ကပေါက်ကချာဖြစ်ကာ အချင်းချင်း မျက်လုံးပြူးလျက်သား ကြည့်နေကြ၏။

ပထမဟန်၏ ကြိုးစားအားထုတ်မှုမရှိပါက အိမ်သည် စက်ဟောင်းတစ်ခုလို ရုတ်တရက် အလုပ်မလုပ်တော့ကြောင်း ဟန်ချင်စုန့်  တွေ့ရှိခဲ့သည်။

အိမ်ထဲမှာ ခဏရပ်ကာ ရယ်သံရွှင်ရွှင်များပြည့်နေသည့် သူ့အိမ်အကြောင်း တွေးပြီး ကမ္ဘာနှစ်ခြမ်းမှာ ရှိနေသလို ခံစားရ၏။

ဟန်ကျင်းယုနှင့် ဒုတိယချွေးမဟန်တို့က အချင်းချင်း မကျေမနပ်ဖြစ်နေကြဆဲဖြစ်ပြီး ပထမချွေးမဟန်က အိမ်မှုကိစ္စများကို ဤအတိုင်း ထားခဲ့ပြီး အလုပ်အားလုံးကို ပေးခဲ့သည်ဟု ညည်းညူကြသည်။

ဒုတိယချွေးမဟန် : "ယောက်မ မီးမွှေး... ငါ အိုးတင်လိုက်မယ်"

ဟန်ကျင်းယု : "ဘာလို့ ငါ့ကို မီးမွှေး ခိုင်းတာလဲ"

ဟန်ကျင်းယု မီးမွှေးသည်က ညစ်ပတ်ပြီး သူမခေါင်းပေါ်ကို ဖုန်တွေတင်စေသည်ဟုထင်သည့်အတွက် မီးမမွှေးချင်ပေ။

ဒုတိယချွေးမဟန်က နှာခေါင်းရှုံ့လိုက်၏။.
"ဒါဆို နင်အိုးကိုဖြည့်လိုက်...ငါမီးမွှေး လိုက်မယ်...ဟင်းရွက်ချဥ်တွေလှီးဖို့မမေ့နဲ့"

ဟန်ကျင်းယု  တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြင်ဆင်လိုက်ပြီး တစ်ခုက ပြုတ်ကျလိုက် တစ်ခုကို ကောက်တင်လိုက်နှင့် ရှုပ်ပွသွားသည်။

ဒုတိယချွေးမဟန်က ဂရုမစိုက်ဘဲ သူမဘာသာသူ မ မီးမွှေးလိုက်၏။

ဟန်ကျင်းယု  ဒေါသထွက်လာပြီး
"နင် ကူညီကောင်းမှန်း မသိဘူးလား "

ဒုတိယချွေးမဟန်: "ငါနင့်ကိုမီးမွှေးဖို့ပြောခဲ့သားပဲ...နင့်ဘာနင် အိုးဖြည့်မယ်ပြောတာလေ ...အိုးလေးတောင် မဖြည့်နိုင်ဘူးလား"

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Wo Geschichten leben. Entdecke jetzt