အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

985 82 0
                                    

Part 451

ထို့အပြင် သူက တခြားအမျိုးသမီးတွေအပေါ်လည်း အလွန်အင်မတန် ကောင်းလေသည်။

ဟန်ကျင်းယု  မနာလိုဖြစ်ပြီး ဒေါသတလူလူဖြစ်နေသည့်အတွက် သူအနေဖြင့်  အမျိုးသမီးတွေ ခပ်ခွာခွာနေရန်လိုအပ်လာပြီး သူတို့နှင့် အဆက်အဆံမလုပ်လျှင်ကား အကောင်းဆုံးပါပင်။။

လျိုဟောင်ကျဲ:  "ငါမင်းကိုလက်ထပ်ရင် ငါက တစ်ကိုယ်တည်းသမားဖြစ်လာရမယ်လို့ မင်းထင်နေတာလား...ပတ်၀န်းကျင်မှာ မိန်းမတွေ အများကြီးရှိနေတယ် ...ငါဘာမှမလုပ်ချင်ခဲ့ဘူးလေ... မဟုတ်ရင် ငါသူတို့ကိုလက်ထပ်ခဲ့တာကြာပြီ... မင်းကိုလက်ထပ်ချင်မှာတောင်မဟုတ်ဘူး"

ထိုစကားကြောင့် ဟန်ကျင်းယု  ဤအမှန်တရားကို သိသော်လည်း အခြားအမျိုးသမီးများက သူ့ကို အလွန်ချစ်ခင်ကြပြီး သူကသူတို့ကို နူးညံ့စွာပြောဆိုသည်ကို မြင်သောအခါ  မခံမရပ်နိုင်ဖြစ်မိသည်။

ထို့ကြောင့် ရန်ဖြစ်၊ဒေါသထွက်ခဲ့ကာ သူ့အား သူမကို နောက်ကလိုက်ပြိး ချော့စေ ချင်သည်။

သို့ရာတွင် လျိုဟောင်ကျဲက  မလုပ်ခဲ့ပေ။

ထို့ကြောင့် ဟန်ကျင်းယု  တဖန်ပျာယာခတ်သွား၏။

ဒါပေမဲ့ သူမ လင်းလန်ကို ပြောပြလို့ရမလား..လင်းလန်က သူမကို သေအောင် ရယ်နေဦးမှာ...

"နင်ငါ့ကိုမငှားချင်ဘူးဆိုလည်း  ငါ့ဘာငါလမ်းလျှောက်ပြီးပဲသွားမယ်"

ဟန်ကျင်းယုက  ဒေါသထွက်လွန်း၍ တစ်ခွန်းပဲပြောပြီး မျှော်လင့်ထားသည့်အတိုင်း ထွက်ပြေးသွားလေသည်။

လင်းလန်က သူမနောက်ကျောကို လှမ်းကြည့်ကာဆိုလိုက်၏။

"ရူးလိုက်တာ"

လျိုဟောင်ကျဲက အစီအစဉ်အဆွဲကောင်းသူဟု သူမ ခံစားရသည်။ သူနှင့် အကြိမ်အနည်းငယ်သာ တွေ့ဖူးသည်ကို  တဇွတ်ထိုးနိုင်ပြီး တစ်ကိုယ်ကောင်းဆန်သည့်ကောင်မလေး ဟန်ကျင်းယုကို အဘယ့်ကြောင့် အမိဖမ်းရသနည်း။

သူမ ဟန်ချင်စုန့်နှင့်  စကားပြောခဲ့ပေမဲ့ ဟန်ချင်စုန့်က ဤကိစ္စကို စိတ်မဝင်စားခဲ့ပေ။မည်သို့ပင်ဖြစ်စေ လျိုဟောင်ကျဲက  ရာဇ၀တ်မှုမကျူးလွန်ခဲ့ဘဲ လုပ်ငန်းခွင်မှာလည်း နာမည်ကောင်းရခဲ့သည်။ အဓိကအချက်မှာ ဟန်ကျင်းယုက  သူ့ကို စွဲလမ်းနေပြီး တခြားသူများ၏စကားကို နာထောင်ရန် မဖြစ်နိုင်ပေ။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Wo Geschichten leben. Entdecke jetzt