အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1K 88 0
                                    

Part 442

ကျန်းယောင်ကျူးက ဆို၏။
"အမေ...ကျွန်တော်  ခယ်မလေးနဲ့ စကားပြောနေတာလေ"

လင်းလန်က ပြုံးပြီးပြောလိုက်သည်။

"ကျွန်မပြောမယ် ခဲအို...အဒေါ်က အသက်ဘယ်လောက်ရှိပြီလဲ... ငယ်ငယ်ရွယ်ရွယ်ရှင်က ဟိုနားဒီနားကိုထပြေးလိုက်တော့ ဘာဖြစ်မှာမလို့လဲ"

ကျန်းယောင်ကျူးက
"ကောင်းပြီ...  ဒါဆို ငါသွားခေါ် လိုက်မယ်" ဟု ပြောပြီး ထွက်သွား၏။

အမျိုးသမီးကျန်း က ရယ်ပြီးပြောလေသည်။
"ဟောင်နန်ရဲ့စတုတ္ထဒေါ်လေး... နင်က ငါ့ကို ရယ်အောင် လုပ်တာပဲ...  တကယ်ကို မယုံနိုင်စရာပဲ"

လင်းလန် : "အဒေါ်... ကျွန်မက ခဲအိုကို မကောင်း ပြောတာမဟုတ်ပါဘူး... တစ်နေ့လုံး ဒီပုံစံအတိုင်းပဲနေလို့မရဘူးလေ ...သူ့ကိုရက်ကန်းကူရက်ခိုင်းလိုက်...ခဲအိုက ပညာတတ်ပြီး အလှတရားကို ခံစားတတ်တော့ သူရက်တာက ကျွန်မတို့ အဘွားကြီးတွေထက် ပိုကောင်းမယ်လို့ကျွန်မထင်တယ်"

ထုံးစံအတိုင်း သူမအနေဖြင့်  သူများမိသားစုကသားကို တိုက်ရိုက်နှိမ်လိမ့်မည်မဟုတ်ပေ။အကြောင်းမှ ရန်ပွဲရှာလာခြင်းမဟုတ်သောကြောင့်ဖြစ်ပြီး ယခုဟာက ဝေဖန်သည့်ပုံစံပေါက်ပေမဲ့ တကယ်တမ်းကချီးကျူးသည်ဟုထင်ရစေသည်

သေချာသည်ပင်၊ အမျိုးသမီးကျန်းက ဆက်ရယ်ကာဆိုလေ၏။

"သူလား...မရပါဘူးအေ "
သူမက သူမလက်ကို ဝှေ့ယမ်းပြီး
"ဒီလောက်ကြီးတဲ့ အပိုင်းကို ငါ တစ်ရက်တည်းရက်နိုင်တယ်...သူက ရက်အနည်းငယ်ကြာတာတောင် မရက်နိုင်ဘူး"

လင်းလန်: .........
ရှင့်သားကို ရှင်က အလိုလိုက်ထားတာပဲ... ရှင့် သူ့ကို ဘာမှမလုပ်ခိုင်းရင် သူလုပ်မှာမဟုတ်ဘူး...

ထိုအချိန်မှာ အမျိုးသမီးကျန်းက ရှောင်ဝမ်နှင့်ဟောင်နန်ကို  ကြက်ဥနို့ပေါင်းစားရန်ခေါ်လေသည်။သူမက ပန်းကန်လုံးကြီးတစ်လုံးကိုကိုင်ပြီးဆို၏။

"လာလာ အဖွားဆီ"

ဟောင်နန်က ပါးစပ်ကိုဖွင့်ပြီး ငှက်ပေါက်စလေးလို ကြက်ဥနို့ပေါင်းကို စားလေသည်။ သူ့ကို တစ်လုတ်ကျွေးပြီးနောက် ရှောင်ဝမ်ကို အလုတ်ကြီးတစ်လုတ်ကျွေးလိုက်၏။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Opowieści tętniące życiem. Odkryj je teraz