၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.5K 126 1
                                    

Part 320

မိုင်စွေ့က အနက်ရောင်ချည်သားကတ္တီပါ၊ အားဝမ်က အစိမ်းရောင်ဖြစ်ပြီး စန်းဝမ်၏ဟာက ပိုပါးကာ ရှောင်ဝမ်၏ဟာက ပိုထူပိုနွေးလေ၏။

“အစ်ကို... မင်းခြေထောက်ကို မြှောက်လိုက်...မဟုတ်ရင် အဘွား မျက်လုံးတွေက မကောင်းလို့ မမြင်ရဘူး... သူတို့မီးတွေက  ငါတို့ဟာလောက် မလင်းဘူး”

စန်းဝမ်က သူ့အစ်ကိုကို ခေါ်ပြီး တဝမ်၏ ခြေထောက်တွေကို ဆွဲမြှောက်လိုက်သည်။

" ကြည့်..."

တဝမ်: “…”

အဖွားကြီးဟန် နှာခေါင်း တွန့်သွားသည်။ ဒါက သူမက သူတို့အတွက် ဖိနပ်လုပ်မပေးဘူးဆိုပြီး စောဒကတက်ဖို့ သူမကို လုပ်ပြနေတာပဲ...

ဟန်ကျင်းယု လင်းလန်၏ ခြေဖမိုးပေါ်မှ ဖိနပ်ကို ကြည့်ပြီး လွန်စွာ မနာလိုဖြစ်မိ၏။ သူမမှာ အခုဝတ်စရာ ဂွမ်းဖိနပ်အသစ် မရှိပေ။

ကလေးများက ၎င်းတို့ကိုကြည့်ရန် စုရုံးလာကြ ပြီး မနာလိုကြောင်း ဖော်ပြကြသည်၊ အလွန်ကြည့်ကောင်းလှ၏။

အထူးသဖြင့်ရှောင်ဖူသည်   ပထမချွေးမဟန် နှင့် အငြင်းအခုံဖြစ်ထား၍  သူမတွင် ဂွမ်းဖိနပ်မရှိသဖြင့်  ခြေအိတ်အစုတ်များကို မ၀တ်ချင်ပေ။

ဒုတိယချွေးမဟန် အရှက်ကွဲသလို ခံစားလိုက်ရပြီး လင်းလန်က သူမကလေးများနှင့်အတူ ကြွားဝါရန် ပြန်လာသည်ဟု တွေးလိုက်သည်။ သူမက သားဖြစ်သူကို စိတ်မပါလက်မပါရိုက်လိုက်ပြီး ကုမိန် ကောင်းလျန့်နှင့်မိန်းကလေးများကို ကြိမ်းမောင်းလိုက်သည်

“မိန်းကလေးတွေ အာရုံစိုက်ကြစမ်း... ပေတိတေစုတ်တွေကို ဘယ်သူကကြည့်မှာလဲ... ငယ်တိုင်း ငယ်တယ်လုပ်မနေကြနဲ့...  ယုတ်မာတဲ့ မိန်းမတွေဆီကနေ သင်ယူမနေကြနဲ့"

ဟန်ကျင်းယုက လင်းလန်ကို အပြုံးမမည်သောအပြုံးဖြင့်ပြုံးပြပြီး
“သူ့ရဲ့ ဒုတိယဇနီးက စိတ်အရမ်းရှည်တာပဲ... ကလေးတွေက အဝတ်အစားအသစ်ဝတ်ရရငိ ပျော်ကြတယ်...ငါအဲဲဒီအရွယ်တုန်းကဆို အဝတ်အစားအသစ်ဝတ်ရရင် ကြွားချင်နေမှာ... စိတ်မကောင်းစရာပဲ...ဒီလိုဟာမတွေ့ရတာ နှစ်နဲ့ချီနေပြီ"

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Onde histórias criam vida. Descubra agora