အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1K 104 0
                                    

Part 439

သူနှင့် ဟန်ကျင်းယုက  အမြွှာတွေဖြစ်ပြီး ဟောင်ထျန်းထက်အသက် နှစ်နှစ်သာပိုကြီးသည်။

သူတို့က အမြွှာများဖြစ်ကြပြီး မိုင်စွေနှင့်အားဝမ် တို့ကလည်း  အမြွှာများဖြစ်သောကြောင့် ဟန်ကျင်းယုက ထိုအချိန်တုန်းက မိုင်စွေနှင့်အားဝမ်ကို  သူမနှင့်အတူ ခေါ်သွားရသည်ကို ပျော်ရွှင်နေခဲ့သည်။  အပြင်ထွက်လျှင် လူတွေကို အမြဲအံ့သြစေပြီး နင်တို့မိသားစုက တကယ်တန်ခိုးကြီးတယ်၊ ယောက္ခမရော ချွေးမနှစ်ယောက်လုံးက အမြွှာတွေရှိကြတယ်ဟုပြောကြ၏။

ထိုအချိန်တုန်းက အထူးသဖြင့် သူမနှင့် သူမမောင်လေးက ရုပ်ရည်ချောမောပြီး မိုင်စွေ့နှင့်အားဝမ်တို့ကလည်း ချောမောလှပကြလေရာ အပြင်ထွက်သောအခါတွင် တကယ်ကြည့်ကောင်းနေသောကြောင့် ဟန်ကျင်းယု၏မိမိကိုယ်ကိုကိုယ်မာန်တက်မှုကို  ကျေနပ်စေသည်။

အမှန်တွင် လင်းလန်၏ အမေ နှင့်အဖွား နှစ်ယောက်စလုံးမှာ အမွှာမျိုးရိုးဗီဇတွေ ရှိပေမဲ့ အဘွားကြီးဟန်တို့မိသားစုမှာမရှိပေ။ ထို့ကြောင့် အသက်ကြီးလာချိန်မှ  အမွှာလေး တွေ ရုတ်တရက် မွေးဖွား လာသောအခါ ကောင်းကင်ဘုံက ချီးမြင်သည့် နဂါးနှင့်ဇာမဏီလိုမျိူး အလွန် အံ့သြစရာကောင်းသည်ဟု ခံစားခဲ့ရသည်။ သူမက သူမကိုယ်သူမ ထူးခြားသည်၊အံဩစရာကောင်းသည်၊အထူးတည် ကောင်းချီးပေးခံရသည်ဟုထင်ခဲ့၏။ဤကလေးနှစ်ယောက်က  ဘုရားပေးသည့် မျက်ရှုရတနာတွေဖြစ်ပြီး ချစ်မဝနိုင်ခဲ့ချေ။

အရင်တုန်းက အဘွားကြီးဟန် ထိုဟာကို ပြောနေကျဖြစ်ပြီး အခါ ဘယ်သူမှ နားမထောင်ချင်တော့ပေ။

ထိုစဥ်က သူမက ပထမချွေးမဟန်မှာ ကလေးနည်းနည်းပဲရှိပြီး ကလေးမရနိုင်သည် မကြိုက်ခဲ့ပေ။ ပထမချွေးမဟန်တစ်ယောက် ပြောချင်ခဲ့သည်က  'ရှင့်အစ်ကိုနဲ့ရှင် အိပ်ကြည့်လေ'ဟူ၍ဖြစ်၏။
ယောကျာ်းဖြစ်သူက  တောင်အနွေးကုတင်မှာဖြစ်ပြီး မိန်းမက မြောက်အနွေးကုတင်မှာအိပ်လေရာ  ကလေးမွေးနိုင်လျှင် ထူးဆန်းနေ ပေလိမ့်မည်။သို့ပေမဲ့ ပထမချွေးမဟန်အနေဖြင့် ထိုအကြောင်းကို တွေးပဲတွေးပြီး  သဘာဝအတိုင်းမပြောနိုင်ခဲ့ပေ။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now