အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.1K 91 0
                                    

Part 453

နောက်တစ်နေ့တွင် ဟန်ချင်စုန့်က လော့ဟိုင်ချန် ကို လုပ်သားပြုပြင်ပြောင်းလဲရေးခြံသို့ တိုက်ရိုက်ခေါ်သွားပြီး ညွှန်မှူးစုန့်နှင့် တွေ့သည်။

ညွှန်မှူးစုန့်က သူ့ကိုတွေ့ရသည်အား  အလွန် ဝမ်းသာနေ၏။ စင်စစ်အားဖြင့် ယင်းက အခမဲ့အကူအညီရခြင်းဖြစ်ပြ ပြည်သူ့လုံခြုံရေးဗျူရိုက သူ့ကို လူမှုဖူလုံရေးတချို့ပေးခြင်းအားဖြင့် ခဲရာခဲဆစ်နိုင်သောအရာတွေ အများကြီးကို ကူညီပေးမည်ဖြစ်သည်။

"ခေါင်းဆောင်ဟန်...ငါ  မင်းကို လွမ်းနေတာ"

ညွှန်မှူးစုန့်က ရှေ့တိုးကာ ဟန်ချင်စုန့်နှင့်လက်ဆွဲနှုတ်ဆက်ရင်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ သမက်ဖြစ်သူကို ကြည့်နေသည့် ယောက္ခမတစ်ယောက်လို ဟန်ချင်စုန့်ကိုကြည့်လေလေ သူ ပိုပျော်လေလေပင်။

ဟန်ချင်စုန့်က သူ့လက်ကို အေးအေးဆေးဆေး ဆွဲထုတ်လိုက်ပြီးပြောသည်။
"ညွှန်မှူးစုန့်...ကျုပ် လူတချို့ရဲ့ ဖိုင်တွေကို ကြည့်ချင်တယ်"

ညွှန်မှူးစုန့်: "ဒါဆို  ကိုယ်တိုင်ကြည့်ဖို့ သော့ပေးလိုက်မယ်လေ ဟား ဟား...ခေါင်းဆောင်ဟန် ငါ မင်းကို စေတနာထားတယ်နော်    ငါတို့ကြားက ဆက်ဆံရေးက ဘယ်လိုလဲ... သွား"

ဟန်ချင်စုန့်က ကျေးဇူးတင်စကားပြောပြီး သော့ကိုယူကာ လော့ဟိုင်ချန်နှင့်အတူ ဖိုင်ခန်းသို့သွားခဲ့သည်။

လော့ဟိုင်ချန်က ဟန်ချင်စုန့် ၏ အမိန့်အရ စိုက်ခင်းရှိ ဟန်ချင်ဟွ နှင့် နီးစပ်သော လူများကို ယခင်က စုံစမ်း စစ်ဆေးခဲ့သည်။ အကယ်၍ သူသာ မစစ်ဆေးပါက သူသိလိမ့်မည် မဟုတ်ပေ။ထိုမှသာ ဟန်ချင်ဟွ  အမှန်တကယ် ပြောင်းလဲသွားသည်ကို သူတွေ့လိုက်ရသည် ။

စိုက်ခင်း မှာ သူ၏ဂုဏ်သတင်းက အံဩစရာကောင်းလောက်အောင် ကောင်း၏။

ကျောက်ကျန့်ရှယ်နှင့် အခြားသူများသည် သူ့ကို အရိုးထိအောင် မုန်းတီးခဲ့ကြပြီး သူ့ကို ဖျက်စီးပစ်မည်ဟု တနေကုန် ပြောဆိုခဲ့ကြသော်လည်း ယခုအခါတွင် ပန်းသွားကြပြီး ဟန်ချင်ဟွနှင့် နီးစပ်ရန် အခွင့်အလမ်းမရှိတော့ပေ။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Donde viven las historias. Descúbrelo ahora