အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1K 110 0
                                    

Part 445

အမျိုးသမီးကျန်းက လင်းမိန်၏ နှစ်ထောင်းအားရဖြစ်နေပုံကို  လည်ပြန်ကြည့်ပြီး  ခြေဆောင့်ကာဆို၏။

"နင်က နင့်ကိုယ်နင် အမေအရင်းပါလိုပြောနေသေးတယ် ...မသိရင် နင့်ကို မိထွေးလို့ ထင်ကြမှာ"

လင်းမိန်က မျက်လုံးလှန်ကာ ပြောသည်။
"ဟောင်နန်က အမေ့သား မဟုတ်ဘူးလား"

သူမက ကျန်းယောင်ကျူးကို လက်ညှိုးထိုးပြပြီး "ဒါကမှ ကျွန်မသားမဟုတ်ဘူးလား"

အမျိုးသမီးကျန်း ရယ်ရမလိုငိုရမလိုဖြစ်သွား၏။ "နင့်ကလေးက တကယ်ကိုမကြီးမငယ်နဲ့... ထားလိုက်ပါတော့...  မနက်ဖြန်မှ သွားလိုက်..... "

"တော်..."
လင်းမိန်က ပြောလိုက်သည်။
"မသွားနဲ့...သူ့ကိုရက်နည်းနည်းလောက် နေခိုင်းလိုက်...ကျွန်မ အစားအသောက် လုံလုံလောက်လောက် ထည့်ပေးလိုက်တယ်...ကုန်လောက်ရင် ပြန်သွားခေါ်မှာပါ"

ထို့နောက် သူမက လင်းလန်ပြောထားသည့်ဟာကို သွားဆွေးနွေးခဲ့၏။

သူမထွက်သွားပြီးချင်းမှာပဲ ကျန်းယောင်ကျူးက သူ့အမေကို လက်ဟန်ခြေဟန်ပြကာ မီးထဲ လောင်စာဆီထပ်ထည့်ပြီး မနာလိုစွာဆိုလေသည်။

"အမေ... သူက ဒီလောက်အိတ်တစ်ဝက်ပဲ ထည့်ပေးလိုက်တာ...ခဏလောက်ပဲခံမှာ"

အလိုလေး သေပါပြီ...

ညွှန်မှူးဟန်က  အလွန်အာဏာကြီးပြီး  သူ့သားအရင်းတွေကိုပင် ကြာပွတ်နှင့်ရိုက်ပြီး  တဝမ်နှင့်စန်းဝမ်တို့အကုန်လုံး ခံခဲ့ရသည်ဟု ဆိုကြသည်။

အမျိုးသမီးကျန်းက သူမ၏ချစ်လှစွာသောလေးအတွက် စပြီးငိုပြန်ပါတော့၏။

"ဘွားဘွားရဲ့အချစ်လေး...မင်း ဒုက္ခရောက်လိမ့်မယ်... ကျေးဇူးပြုပြီး အရိုက်မခံရပါစေနဲ့" 

(တစ်ခန်းရပ်ပြဇာတ်)

ညွှန်မှူးဟန်:ခင်ဗျား ကျုပ်ကို နားလည်မှုများ လွဲနေသလား...

လင်းလန် : ငါတို့ရဲ့ ညွှန်မှူးဟန်က အရမ်း စွမ်အားကြီးတယ်... ကလေးတွေဆို ကြောက်လွန်းလို့... မယုံရင် သူတို့ကို မေးကြည့် ဟားဟား...

တဝမ်:...မမေးနဲ့...

စန်းဝမ် : ... နာကျင်မှုက အရမ်းနာကျင်လွန်းလို့ လိပ်ပြာ လွင့်သွားလိမ့်မယ်...

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Onde histórias criam vida. Descubra agora