အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.1K 105 0
                                    

Part 443

ကိုယ်ပိုင်လုပ်ငန်း လုပ်ပိုင်ခွင့် ချပေးသည့်အချိန်သည် တစ်နေရာနှင့် တစ်နေရာ ကွဲပြားကာ ၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် လူအချို့ လုပ်နိုင်ခဲ့ပြီး အချို့နေရာများတွင်မူ 1980 ခုနှစ် အစောပိုင်း များအထိ ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသည်။

လင်းမိန်  ထိုဟာကို လုံးဝမထိမတွေ့အောင် အတင်းအကြပ် သူမ မလုပ်နိုင်ဘူးဆိုသည်ကိူလည်း လင်းလန်သိ၏။အမှန်တွင်  စီးပွားရေးလုပ်ချင်သူတစ်ယောက်အတွက် ဆယ်နှစ်ကြာအောင် ဝေးကွာနေရန်က လက်တွေ့မကျပါချေ။

လင်းမိန်  : " ဘယ်လိုလုပ် ရိုးရိုးသာသား နေနိုင်မလဲ...ဘယ်မှာမှ သွားလို့ရမရဘူး"

လင်းလန်: "တပ်မဟာအတွက် ဘေးပေါက် အလုပ်ဖြစ်လာနိုင်မလားဆိုတာ သိနိုင်ဖို့ တပ်မဟာနဲ့ ဆွေးနွေးလေ ... အမျိုးသမီးတွေ အလုပ်ရှာဖို့ နင့်ကတာဝန်ယူ...နင်လုပ်တဲ့အရာတွေကို တပ်မဟာနာမည်အောက်မှာ ရောင်းရင် အမြတ်ဝေစုရလိမ့်မယ်"

လင်းမိန်: "အမြတ်ဝေစု... အမြတ်ဝေစုက ဘယ်မှာလဲ...တပ်မဟာမှာနေရင် နင့်ကို အလုပ်မှတ်တွေပဲ ပေးလိမ့်မယ်"

"ဒါဆို နင် ဆက်သွယ်ပြီး ဆွေးနွေးရမယ်...နင်က အာစထက်တာပဲ ...အဆင်ပြေပါတယ်”

လင်းလန် သူမကို အားပေးသည်၊အကြောင်းမှာ ထိုထဲမှာ ကေဒါတွေ၏ မိသားစုဝင်တွေ အများကြီးရှိသည့်အတွက်ပင်။

လင်းမိန်က ခပ်တိုးတိုး နှာမှုတ်ကာ ဆိုသည်။
"ငါတို့ တပ်မဟာမှာ ကေဒါ နှစ်ယောက် ရှိတယ် ...သူတို့က အစစအရာရာ တာဝန်ယူတယ်...ငါ သူတို့ကို စောင့်ကြည့်ရတာ တကယ် မကြိုက်ဘူး...ငါသာ ကေဒါတစ်ယောက်ဆိုရင် လူတိုင်းက သူခိုးနဲ့တူတယ်...သူများကောင်းတာ တစ်ခုခုလုပ်ရင် ဆရာကြီးလိုလိုလုပ်ပြီး  သူ့​အတွက်  အမြဲတမ်း ပေးစေချင်တယ် ...ငါကသာ တပ်မဟာရဲ့ဘေးပေါက် လုပ်ငန်းအဖြစ် ပြောင်းဖို့ပြောရင် လက်ပိုက်ပြီး မယားနဲ့ချွေးမကို စောင့်ရှောက်ခိုင်းလိမ့်မယ်...ဘယ်မှာ ငါ့အတွက်ရှိမှာလဲ"

လင်းလန်: "တစ်ခါတစ်လေ အခြေအနေတစ်ခုလုံးအတွက် ငါက အထက်လူကြီးတွေနဲ့ ဖြေရှင်းရတယ်...လူအတွေကအမြဲတမ်း အပေါ်ကနေပဲနေလို့မရဘူး... အခု ငါပြန်ပြီး စိတ်တွေပူနေရပြီ... အဲဒါကို မစဉ်းစားရင် အဲဒီအချိန်ကျရင် နင်အဲဒါကို လုပ်နိုင်တော့မှာ မဟုတ်ဘူး... နင်လည်း သူတို့နဲ့ ပူးပေါင်းဖို့ နည်းလမ်းရှာလို့ရနိုင်တာပဲ...သူတို့ကို တိုက်ရိုက် မဆက်သွယ်နဲ့...နင့်ရဲ့ယောက္ခမကို ဆက်သွယ်ခိုင်းလိုက်"

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Hikayelerin yaşadığı yer. Şimdi keşfedin