၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.6K 129 1
                                    

Part 314

တဝမ်က တစ်ကိုယ်လုံးအေးစက်နေသော စန်းဝမ်ကို သူ့အိပ်ရာပေါ်တွင် ထွေးဖက် ထားသည်။

စန်းဝမ်ကမူ ကန်ကျောက်ကာ  သီချင်းဆိုနေဆဲပင်။ ရေဒီယိုထဲကနေ လျှို့ချွန်းချိုက်သင်ယူခဲ့သည်။  အရင်က ဖြစ်နိုင်ပါ့မလားမသိသော်လည်း   အခုက စုံညီအစည်းအဝေးတွင် ဒရာမာ မင်းသားတစ်ယောက်ကဲ့သို့ဖြစ်နေသည်။

အားဝမ် နှင့် မိုင်ဆွေ့က ရှေ့ကို ငုံ့ပြီး ဘာဖြစ်နေတာလဲဟုမေး၏။

မိုင်စွေ့ :"ဘာဖြစ်နေတာလဲ... ငယ်ငယ်လေးနဲ့ဝမ်းနည်းမှုတွေကို ဖြေဖျောက်ဖို့ ဝိုင်ကို သုံးနေတာလား"

အားဝမ်: “စာမေးပွဲမဖြေနိုင်လို့ စိတ်ပျက်သွားတာ ထင်တယ်... ဟေးး စန်းဝမ်က ဒီလောက်သန်မာမယ်လို့ မထင်ထားမိဘူး... ငါသူ့ကိုအထင်လွဲသွားတယ်"

လင်းလန် : သေစမ်း... ဝေဒနာတွေကို ပြေပျောက်ဖို့ ဝိုင်ကို သုံးတယ်...သူက  သန်မာတယ်လို့ ဘယ်သူ ယုံမှာလဲ...အရိုက်ခံချင်နေတာထင်တယ်...

ဟန်ချင်စုန့် စန်းဝမ်၏ နဖူးနှင့် ခန္ဓာကိုယ်ကို ထိလိုက်ပြီး လင်းလန်က စိတ်ပူစွာဖြင့်မေးလိုက်သည်။ "ဖျားနေတာလား"

ဟန်ချင်စုန့်က အေးအေးဆေးဆေး ပြန်ဖြေ၏။ "အဆင်ပြေပါတယ်"

အားဝမ် :"ကျွန်တော် သူ့အတွက် ဂျင်းပြုတ်ရည် တစ်ခွက် လုပ်လိုက်မယ် ...ဒါဆို တကယ်အအေးမမိဘူး... သူ ဘယ်တော့ ေကာင်းမလဲတော့ သား မသိဘူး။”

လင်းလန် : "လှဲနေ... ငါထပြီးပြုတ်လိုက်မယ်"

ဟန်ချင်စုန့်က သူမကို အနွေးကုတင်ဆီ သွားခိုင်းလိုက်ပြီး သူထပြုတ်လိုက်၏။

လင်းလန် မည်သို့ စိတ်အေးပါမည်လဲ။ ထုံးစံအတိုင်း သူမတစ်ခုခုလုပ်သင့်သည်။  အိပ်ရာမဝင်ခင်တုန်းက စန်းဝမ် နှုတ်ဆိတ်နေသည်ကို  ကြည့်ပြီး သူမ အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်ဖြစ်ရာ ယခုတွင် ပို၍ပင် အပြစ်ရှိသလို ခံစားလာရ၏။

ဟန်ချင်စုန့်က သူမကို မီးကူမွှေးပေးပြီး လင်းလန် က ဂျင်းကို လှီးလိုက်သည်။

ညလယ်ခေါင်ကြီးမှာ အိမ်က မီးရောင်ထွက်လာ၏။  လူအများမြင်သောအခါ လင်းလန်၏မိသားစုသည် ညဉ့်နက်သန်းခေါင်ထ၍ အစာကောင်းအသောက်ကောင်းတွေချက်စားကြမည်ဟု ထင်ကုန်ကြ သည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Donde viven las historias. Descúbrelo ahora