အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.1K 101 1
                                    

Part 418

နယ်ဘက်မှ လူများတွင် ‌ထိုမျှလောက် ငွေအများကြီးမရှိပေ။ ထို့အပြင် အယ်ကာလီများ၊ အပင်ပြာများနှင့် တူသည့်အရာများကို ဆပ်ပြာအစားသုံးနိုင်တာကြောင့် ပုံမှန်ဆို ဆပ်ပြာကို မဝယ်ကြပေ။

ထို့အပြင် ယခုချိန်တွင် ထောက်ပံ့ရေးအဖွဲ့အစည်းများက ရွာများဆီ ဆပ်ပြာလက်မှတ်များ မပို့ပေးသေးပေ။ ထို့ကြောင့် အဖွဲ့ဝင်များက သူတို့၏မှတ်စုအတိုင်း သူတို့ဝေစုကို ဝယ်ယူရသည်။ အများကြီးတော့ မဝယ်ကြပေ။ တကယ်တမ်းပြောရလျှင် ဘယ်သူကမှ မဝယ်ကြပေ။

ရှန်ရွေ့ရွာ၏ လူများအတွက် အချို့တစ်တုံးကို တစ်လဝယ်သည့်လူများက လွဲလျှင် လင်းလန်ကသာ ပိုဝယ်ထားခြင်းဖြစ်သည်။ သူမဝေစုဖြင့်ပင် ဝယ်ခြင်း မဟုတ်ဘဲ ဟန်ချင်စုန့်၏ အပိုဝေစုကိုပါ ဝယ်ထားသည်။ သူမမိသားစုက မိသားစုဝင် ခုနှစ်ယောက်က နှစ်ယွမ်ဖြင့်မဝယ်နိုင်သော်လည်း သူမက လူမှုအဖွဲ့မှာ ကျော်ကြားနေပြီး ထောက်ပံ့ရေးအဖွဲ့အစည်းက လူတိုင်း သူမကို သိကြသည်။ ထို့အပြင် ဥက္ကဠကိုယ်တိုင်ကတောင် ကိုယ်ရေးကိုယ်တာအရ သူမကို နှစ်ယွမ်ဖြင့် ဝယ်ယူခွင့်ပေးထားလေသည်။ ထို့အပြင် နောက်ထပ် ဟန်ချင်စုန့်၏ တစ်လစာ ဝေစုကိုပါ ရရှိသေးသည်။

ဤနည်းဖြင့် အိမ်အတွက် တစ်လကို ဆပ်ပြာသုံးခဲဝယ်ခြင်းက စုစု‌ပေါင်း ကိုးကျပ်ကျသင့်ခဲ့ပြီး‌ တော်တော်လေး တန်သည်ဟု ပြောရ‌မည်။ တုန်ဟိုက်ဟွပင် ဆွံ့အသွားခဲ့ရပြီး လင်းလန်၏ အိမ်စီမံကွပ်ကဲမှုက တော်တော်လေး ဈေးကြီးသည်ဟု ခံစားလိုက်ရသည်။

အကုန်ပြီးနောက်တွင်  ဆပ်ပြာအတွက် တစ်လကို ငွေအများကြီး သုံးခဲမိသည်ဟု လင်းလန်ခံစားလိုက်ရသည်။ ၎င်းက မသင့်တော်ပေ။ အဓိကက ယခုခေတ် ဆပ်ပြာများ၏ အရည်အသွေးက မကောင်းပေ။ ဆပ်ပြာများက မာနေပြီး ကျိုးလွယ်ကာ တစ်ခါတစ်လေ ရေနှင့် မကိုက်တာတွေဖြစ်ပြီး မပြောင်တော့ပေ။

ဟေး ... မော်ဒန်ခေတ်တုန်းက လင်းလန်က ညစ်ပတ်တယ်ဆိုတဲ့ ခံစားချက်ကိုတောင် မရခဲ့ပါဘူး...... အဝတ်လျှော်စက်တွေနဲ့ တစ်ရက် ဒါမှမဟုတ် နှစ်ရက်ကို တစ်ခါပဲ အဝတ်လျှော်လေ့ရှိတာ.... တစ်ပတ်မှာမှ တစ်ခါပဲ လျှော်ရင်တောင် ဖုန်မှုန့်လူံဝမကျန်ခဲ့ဘူးလေ....

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Où les histoires vivent. Découvrez maintenant