အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.2K 98 0
                                    

Part 426

ဟန်ချင်ဟွ : "နင်ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ... ငါက ဒီအတိုင်းပြောတာလေ...တကယ်လို့  သူ့ကအသက်ကြီးရင် ရုပ်ဆိုး ရင် ဒါမှမဟုတ် နောက်ခံမကောင်းရင် ပုံမှန်လို့ထင်ဦးမယ်...အခု သူက အသက် 30 အောက်ဖြစ်ပြီးတော့ ဒုတိယအိမ်ထောင်လည်း မဟုတ်ဘူး...အလုပ်လည်းကောင်းတယ်၊ ရုပ်ရည်လည်း ကောင်းတယ်၊ မိသားစုနောက်ခံလည်းကောင်းတယ်... ကျေးလက်ကလူတစ်ယောက်ကို ဘာလို့ရှာရမှာလဲ...ကျေးလက်မှာ နတ်သမီးဖြစ်နေရင်တောင် အိမ်ထောင်စုစာရင်းပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး"

ပြဿနာက ဟန်ကျင်းယု၏ရိက္ခာခွဲတမ်းက မြို့ထဲမှာရှိမှာမဟုတ်ပေ။ ကလေးက သူ့အဖေနောက်ကို လိုက်သွားလျှင်ပင် ဟန်ကျင်းယု၏​အလုပ်နှင့် အိမ်ထောင်စုစာရင်း မပြေလည်ပါက စားရေးသောက်ရေး အဆင်မပြေဖြစ်ပေလိမ့်မည်။


ဟန်ချင်စုန့် သူတို့ကိုကြည့်ပြီးပြောလိုက်၏။
"မင်းတို့ ဘလိုင်းဒိတ်တွေ့တုန်းက  ရှင်းရှင်းလင်းလင်း မတွေးခဲ့ဘူးလား"

ဟန်ချင်ဟွက  ခေါင်းကုတ်ကာ ရှက်ကိုးရှက်ကန်းနှင်ပြောလေသည်။

"အဲ့ဒါကို ငါမတွေးလိုက်မိဘူး...ဘာပဲဖြစ်ဖြစ် ကံကို စမ်းကြည့်ဖို့ အခွင့်အရေးဆိုပြီးလုပ်လိုက်တာ... လျိုဟောင်ကျဲက ငါ့ညီမကို စိတ်ဝင်စားလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ "

ဟန်ချင်စုန့်: "မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ... စစ်ဆေးပေး ဖို့လား"

"ဟုတ်တယ်...သူ့မှာလျှို့ဝှက်ထားတဲ့ရောဂါရှိမရှိစစ်ဆေးစေချင်တာ "

ဟန်ချင်ဟွက  ရယ်ပြီးဆို၏။
"မြုံနေရင် ဒါမှမဟုတ် ဝါသနာတစ်ခုခုရှိနေရင်...ငါတို့သိပြီး ပြင်ဆင်ထားသင့်တယ်လေ"

ဟန်ချင်စုန့်ကပြောလိုက်သည်။
"သူ့မှာ ဒီအပိုင်းမှာ ပြဿနာ ရှိမရှိ မပြောနဲ့ဦး... အိမ်ထောင်စုစာရင်းအကြောင်း အရင်ပြောကြည့်ရအောင်... ရိက္ခာနဲ့ဆီ ခွဲတမ်းကို ဘယ်လိုဖြေရှင်းမလဲ”

ဟန်ကျင်းယုက  အမှန်အတိုင်းပြောလိုက်၏။

“ငါက ငါ့အိမ်ထောင်စုစာရင်းကို သူတို့ဆင်ခြေဖုံးကွန်မြူနတီကို လွှဲပေးလို့ရတယ်လို့ သူကပြောတယ် "

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Tempat cerita menjadi hidup. Temukan sekarang