Part 324
စန်းဝမ်က မထွက်ချင်ချေ။ သူ့မျက်လုံးတွေပြူးကျယ်သွားနေပြီး လက်သီးတွေကို ဆုတ်ကာ တိတ်တိတ်လေး အော်လိုက်၏။
"ချ ချ ချ"
ဒုတိယအစ်ကိုဟန်ကြားသည့်အခါ ဒုတိယချွေးမကို ယူလာရန် အမြန်လှမ်းပြောလေသည်။
“တကယ်ကြီးလား.. အခန်းထဲကအမျိူးသမီးတွေက မကြိုက်ရုံတင်လေ... အဲ့ဒါကို အကျယ်ကြီးညံအောင်လုပ်နေတယ်...မင်းဘာလုပ်နေတာလဲ... တတိယလေးကို ရယ်အောင် လုပ်နေတာလား... တတိယလေးက နောက်ဆုံးတော့ ထမင်းလက်စုံစား ဖို့ ပြန်လာခဲ့ပြီလို့ မင်းပြောခဲ့တာမဟုတ်ဘူးလား"
အစ်ကိုကြီးဟန်ကလည်း ပထမချွေးမဟန်ကို အဖွားကြီးဟန်ဆီ ပန်းကန်တွေ အမြန်ယူလာပေးရန် လှမ်းအော်၏။သူက ခယ်မလင်းလန်၏ ပန်းကန်လုံးကြီးကြီးကို တွေပြီးပြီဖြစ်ကာ တစ်ဝက်ခွဲလိုက်လျှင်ပင် သူ အရသာခံနိုင်သေးပေသည်။
ပထမချွေးမဟန်က နှာခေါင်းရှုံ့လိုက်ပြီး ဟန်ကျင်းယုနှင့် ဒုတိယချွေးမဟန်တို့ကို ပခုံးဖြင့် တွန်းတိုက်ကာ ပန်းကန်လုံးတစ်လုံးထဲ ထည့်ပို့ပေး လိုက်သည်။
သူမယောက်မ မပုန်ကန်ဝံ့မှန်းသိ၍ ဟန်ကျင်းယုအလွန်စိတ်ကြီးဝင်နေလေ၏။
ဟန်ချင်စုန့်က သူ့မရီးလာသည်ကို မြင်သောအခါ ဘေးရှောင် ပေးလိုက်ပြီး ပင်မအခန်းဆီသို့ လျှောက်သွားကာ လင်းလန်ကို ပြောလိုက်သည်။
"မင်းနဲ့ကလေးတွေ ညစာပြန်စားနှင့် ...ကိုယ်ပြီးမှပြန်လာမယ်"
လင်းလန်လည်း ပြန်သွားချင်၏။ သူမ တစ်ခုခုပြောခါနီးမှာ အခန်းထဲရှိ အဖွားကြီးဟန်နှင့်ဟန်ကျင်းယုက ပထမချွေးမဟန်ကို အပြစ်တင်ဆုံးမနေသည်ကို သူမကြားလိုက်ရသည်။
အဖွားကြီးဟန်: “ဆရာမကြီးရေ...နင်က အခု လမ်းဘေးက ဆူးပင် ဖြစ်နေပြီ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကသာဆိုရင် နင့်ကို ဝေဖန်ဖို့ တပ်မဟာကို ပို့ရလိမ့်မယ်”
ဟန်ကျင်းယုကလည်း သံယောင်လိုက်လေ၏။ "ဟုတ်တယ်... မိဘတွေရဲ့ နောက်ကွယ်မှာ တစ်ယောက်တည်း စားတာက သားသမီးဝတ္တရားဖောက်ဖျက်တာပဲ..."
BẠN ĐANG ĐỌC
အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်
Tiểu Thuyết Chungအပိုင်း၃၁၁စပါ့မယ်ရှင့်အရှေ့အပိုင်းများကို accထဲတွင်ရှာ၍ဖတ်နိုင်ပါတယ်😊