အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.1K 105 0
                                    

Part 429

လင်းလန် မနက်စာ ကို အမြန်ပြင်ဆင်ပြီး ခွေးအမေအတွက် ပူပူနွေးနွေးအစာ ကျွေးချင်ခဲ့သည်။
တဝမ်မှလွဲ၍ ကလေးတွေက  ထိုနေရာ၌  လဲလျောင်းကကာ ခွေးပေါက်လေးများကို ပွတ်သပ်နေကြ၏။ ဝမ်ဝမ်ကလည်း လဲလျောင်းကာ ကြင်နာစွာ ကြည့်နေပြီး ကန့်ကွက်ခြင်းမပြုခဲ့ပေ။

ဟန်ချင်စုန့်က သူ့လက်ထဲတွင် ဝီစီကို ကိုင်ထားရင်း လင်းလန်၏ လက်ကောက်ဝတ်ကို ကိုင်ပြီး  သူမနာရီကို ကြည့်လိုက်သည်။

လင်းလန်က ပြုံးပြီး သူ့လက်ကို ကိုင်ကာပြော၏။
"လာ...ခွေးပေါက်လေးကို ပွတ်လှဲ့"

သူမက တဝမ်ကိုလည်းပြောလိုက်သည်။

တဝမ် : "... "
ငါ ငြင်းတယ်...

စန်းဝမ်နှင့်ရှောင်ဝမ်က သူ့ကို ဆွဲကိုင်ခိုင်းပြီး
"အစ်ကိုကြီး လာကိုင်ကြည့်... ထိလို့ အရမ်းကောင်းတယ်"

လင်းလန် ဟန်ချင်စုန့်ကို ဆွဲခေါ်ပြီး စန်းဝမ်နှင့်ရှောင်ဝမ်က  သူ့တို့အစ်ကိုကြီး ဆွဲခေါ်ကာ ခွေးပေါက်လေး၏ အမွေးအမှင်နှင့် နူးညံ့ပျော့ပျောင်းသော အသားအရေကို ကိုင်ခိုင်းသည်။

ဟန်ချင်စုန့်က လင်းလန်၏လက်ကိုပဲ ထိပြီး လင်းလန်၏လက်ကို  ဆုပ်ကိုင်ထားသည်။သူက ခွေးလေးကို ပွပ်သပ်ရန် စိတ်မဝင်စားဘဲ ထိုအစား  လင်းလန်၏ခေါင်းကို ပုတ်လိုက်သည်။

လင်းလန် : "..."
ရှင်ဘယ်ဟာကို ယှဉ်နေတာလဲ...

တစ်ဖက်မှာ တဝမ်ကို သူ့ညီလေးနှစ်ယောက်က ချုပ်ပြီး ခွေးပေါက်လေးကို ထိခိုင်းနေ၏။ သူ့လက်တွေက ၎င်းကို ပထမဆုံးထိလိုက်သည်နှင့် မနေနိုင်ဘဲ တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။ အမွေးတွေက နူးညံ့လွန်း၍ သူ့အတွက် မယုံနိုင်စရာပါပင်။ သူ့နှလုံးသားထဲမှာ တစ်စုံတစ်ခုက တိတ်တိတ်လေး   အရည်ပျော်သွားပြီး အလွန်ထူးဆန်းသလို ခံစားလိုက်ရသည့်အတွက် အလျင်အမြန်  ထွက်ပြေးသွားခဲ့၏။

မိုင်စွေ့က  ခွေးလေးကို ပွေ့ဖက်ထားပြီး လွှတ်မပေးဘဲ နေသည်။ မွေးခါစ ခွေးပေါက်လေးက အလွန်ချစ်စရာကောင်းပြီး ထိ၍ကောင်းသဖြင့် ရပ်တန့်ရန်ခက်လှ၏။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Donde viven las historias. Descúbrelo ahora