အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.4K 127 2
                                    

Part 325

ဟန်ကျင်းယုက ခုန်တက်လိုက်ပြီး ပထမချွေးမဟန်ကို ရိုက်ဖို့ကြိုးလိုက်၏။

"နင် ရူးနေတာလား...ငါက သမီးအရင်းလေ.."

ပထမချွေးမဟန်က  သူမကို ဘာမပြောညာမပြောဖြင့် ပါးရိုက်လိုက်ပြီး
"သွားစမ်းပါ ဗိုင်းတာမ... နင်ကပဲ သား သမီးအရင်း... ချွေးမနဲ့ မြေးတွေက အပြင်လူ... ဝက်တွေခွေးတွေကရော ဘယ်လိုလဲ"
(ဟိုက သမီးအရင်းမို့ ဘာမှမလုပ်ဘဲအိပ်လိုက်စားလိုက်နေတယ်ပြောတော့ ဒီက ဘာမှမလုပ်ဘဲ အိပ်လိုက်စားလိုက်လုပ်တဲ့ ဝက်တွေခွေးတွေနဲ့နှိုင်းလိုက်တာ)

ဤသို့ ဆူပူကြိမ်းမောင်းသည်ကို ကြားရာတွင် အဖွားကြီးဟန်  ချက်ချင်းအော်ဟစ်လေသည်။

“အဘိုးကြီး ရှင်သေနေတာလား... ဘာလိုသူ့(မ)ကို သွားမရိုက်တာလဲ"

သူမက အဘိုးကြီးဟန်ကို သူမ(ပထမချွေးမ) အား ထပ်ရိုက်ခိုင်းပြန်၏။ ပထမချွေးမဟန် နောက်ဆုံးတွင် စိတ်ချုံးချုံးကျသွားပြီး
“နင့်မေကြီးတော်ပဲ ...ထွက်သွားကြစမ်း... ဘယ်သူ့မှ မစားနဲ့..."

သူမက အသီးအရွက်ပန်းကန်တစ်ခွက်ကို ကိုင်ကာ တောင်ပြတင်းပေါက်ဘက်သို့ ပစ်ပေါက်လိုက်သည်။ ပန်ကန်လုံးက ပြတင်းပေါက်နှင့်ထိကာ ကွဲသွားသော်လည်း  ဟင်းရည်နှင့် အသီးအရွက်တွေက အဖွားကြီးဟန်နှင့် အဘိုးကြီးဟန်နှစ်ယောက်လုံးအပေါ်မှာ ပေကျံပြန့်ကျဲ့ကုန်သည်။ ရုတ်တရက်ကြီး တခူးခူးအိပ်ပျော်နေသော အဘိုးကြီးဟန် လန့်နိုးသွား၏။

"ဟင်... ဘာကိစ္စလဲ ဘာဖြစ်တာလဲ "

"အဘိုးကြီး ဒုတိယသား တတိယသား... ကြိုးယူပြီး  အဲ့ဒီကြွက်စုတ်ကို ချည်..." အဖွားကြီး ဟန်၏ မျက်လုံးများ နီရဲလာပြီး တောင်ဝှေးကို မြှောက်ကာ  ပထမချွေးမဟန်ကို ရိုက်လိုက်လေသည်။

ပထမချွေးမဟန်၏ မျက်လုံးများမှာလည်း နီရဲနေကာ ဆံပင်များ အရူးလို ရှုပ်ပွလျက်ရှိပြီး သူမက  ထမင်းစားပွဲ၏ အစွန်းကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ကာ ဆွဲလှန်လိုက်၏။

"သွားစမ်း..."

ပန်းကန်ပြားတွေ ပန်းကန်ပြားလုံးတွေ နှင့်အတူ ထမင်းစား စားပွဲက “ဒိန်းတလိန်း...ဂလုံဂလွမ်”ဟူသောအသံဖြင့် အကုန်လုံး မြေ
ကြီးပေါ်ကို  ပြုတ်ကျသွားလေသည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Donde viven las historias. Descúbrelo ahora