အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1K 82 0
                                    

Part 441

လင်းလန်က ခဏလောက်စဉ်းစားပြီး မိုင်စွေ့နှင့်အားဝမ်တို့ဆီကိုသွားပြီးပြောလိုက်သည်။

"သားနဲ့သမီးအိမ်စာလုပ်တဲ့အခါ မင်းတို့အစ်ကိုကြီးနဲ့ များများအပြောအဆိုလုပ်ကြ"

တဝမ်မျက်နှာ မပျက်ချင်သဖြင့်  သူ့ညီ/ညီမတွေကို မေးရမှာ ရှက်နေနိုင်သည်။ထို့အတွက်  သူက  အကောင်းဆုံးကြိုးစားသော်လည်း  ဦးတည်ချက်မှားလျှင်  ခွန်အားပိုထည့်လေ အသုံးမဝင်လေပါပင်။

မိုင်စွေ့က   ပြုံးပြီးဆို၏။
"မားမား စိတ်မပူပါနဲ့"

အားဝမ်လည်း အံ့အားသင့်သွားခဲ့သည်။
"မားမား... အစ်ကိုကြီးက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက တကယ်ကို တစ်ခုခုဖြစ်နေတာ...ကျွန်တော်  ​​ လုပ်နိုင်မှာပါ"

ယခင် သူက အတန်းထဲမှာ ထိုင်ပြီး မတ်မတ်ကြီး အိပ်နေကျဖြစ်သော်လည်း ယခု သူက မတ်မတ်ကြီးဖြစ်နေဆဲဖြစ်ပေမဲ့ မအိပ်ဘဲ ဆရာ၏သင်ကြားမှုကို လိုက်နားထောင်နေ၏။ ဆရာက စာမသင်သည့်အခါ စာအုပ် ဖတ်နေတတ်ပြီး  ကိုယ့်ဘာသာဖတ်ရုံတင်မကဘဲ ဒုတိယတန်းကဟာပါ ငှားဖတ်တတ်သည်။

ယင်းက တကယ်ကို... ညသန်းခေါင်မှာ နေထွက်သည့် ခံစားချက်ပင်။

လင်းလန်က ပြုံးပြီး စကားသိပ်မပြောဘဲ အကိုဖြစ်သူကို သူတို့ဘက်စပြီး ကူညီပေးရန်သာ အားဝမ်နှင့်မိုင်စွေ့တို့ ကို ပြောလိုက်၏။

တဝမ်က အကူအညီလိုနေသောကြောင့် မေးရမှာ ရှက်နေပေမဲ့ မိုင်စွေ့နှင့်အားဝမ်တို့က  အစပြုကူညီမည်ဆိုပါက သူက ပူးပေါင်းပေးမှာဖြစ်လေသည်။

ညနေပိုင်းတွင် လင်းလန် တဝမ်နှင့်ပတ်သက်သော စိတ်ဝင်စားဖွယ်ကောင်းသည့်ဇာတ်လမ်းကို ဟန်ချင်စုန့်အား ပြောပြလိုက်သည်။

ဟန်ချင်စုန့်က မည်သည့်ထင်မြင်ချက်မှ မဖော်ပြဘဲ ငြိမ်သက်စွာ နားထောင်နေခဲ့ရာ လင်းလန် သူ သိပ်စိတ်မဝင်စားလောက်ဟု ထင်မြင်လာခဲ့သည်။ သူ့အဖေက သိပ်ဂရုမစိုက်တာလား ဒါမှမဟုတ် ဗုဒ္ဓဘာသာ ဆန်လွန်းတာလား...

သို့ပေမဲ့ သူမ ဟန်ချင်စုန်နှင့်အတူ အနွေးကုတင်ပေါ်မှာရှိစဥ်မှာ  အခြေခံအားဖြင့် သူမမှာ တွေးစရာနေရာမရှိခဲ့ပါချေ။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Où les histoires vivent. Découvrez maintenant