အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.3K 109 0
                                    

Part 362

အလုပ် ခဏနားနေစဥ်တွင် လင်းလန်က အိမ်မှဖျော်လာသည့် ဟောသွန်းဖျော်ရည်အား လည်ချောင်းရှင်းရန် သောက်နေလေသည်။

ချိုက်ဟွားသည် လင်းလန်ထံသို့ ​ပြုံးလျက် ပြေးလာသည်။ " အန်တီလင်း ပြောသွားတာတွေက အရမ်းကောင်းတာပဲ သမီး သေချာလိုက်နားထောင်ထားတယ် "

လင်းလန် ပြန်၍ ပြုံးပြလိုက်သည်။ " အသုံး၀င်တယ်ဆိုရင်တော့ ပြောရတာ အလကားမဖြစ်တော့ဘူးပေါ့ "

ချိုက်ဟွားက မေးခွန်းများ ထပ်မေးကာ စကားတွေလည်း ပြောနေရင်းဖြင့် လင်းလန်သည် ဘယ်လိုဖြစ်၍ ဤသို့သော အကြံများအား ရလာသလဲဟူသည်ကိုပါ မေးလေသည်။

" တစ်ခြားလူတွေက ဒါတွေကို ဂရုမစိုက်ကြပေမယ့် အန်တီပြောတာကကြ အရမ်းကောင်းလို့ပါ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ကြလို့ ကောင်းတယ်လေ "

လင်းလန် သူမလေးကို ပြန်ကြည့်လိုက်သည်။

ချိုက်ဟွားသည် ရုပ်ရည်ချောမောသည့်ထဲမပါဘဲ ရွက်ကြမ်းရည်ကျိုသာဖြစ်ကာ အသားအရည်သည်လည်း ကြမ်းတမ်းပြီး ဆံပင်များသည်လည်း ၀ါညစ်ညစ်ဖြင့်ရှိကာ ပိန်ပါးသူလည်း ဖြစ်လေသည်။ ယခုကဲ့သို့ ချစ်ခင်ဖွယ် ပြုမူနေသော်လည်း လင်းလန် သူမလေး၏ မျက်၀န်းများထဲမှ လိမ္မာပါးနပ်မှုများကို မြင်နေရ၍ ထူးဆန်းနေမိသည်။

တုန်ဟွိုင်ဟွသည်လည်း ချိုက်ဟွား၏ အမေးကို ကြားသွား၍ ၀င်ပြောလာ၏။

" ရွာထဲမှာက အရွယ်ရောက်ပြီးသား ယောက်ျားလေးတွေ အများကြိီးရှိတဲ့အပြင် မိန်းကလေးတွေ ရေချိုးတာကို ချောင်းကြည့်ရတာ ကြိုက်တဲ့ တေလေကြမ်းပိုးတွေလည်း ရှိတယ်လေ။ ပြီးတော့ ကလေးတွေကို ရိုင်းစိုင်းတဲ့စကားတွေ သင်ပေးနေတဲ့ လူတွေလည်းရှိလို့ ကြိုတင် ကာကွယ်နိုင်ကြအောင်လို့လေ ။ သမီးတို့လို လောကကြီးအကြောင်း ဘာမှမသိတဲ့ ကလေးတွေဆိုလည်း သကြားလုံးကျွေးပြီး ဆွဲဆောင်ခံရလို့ ပါသွားရင် ဘယ်လိုလုပ်မလဲ ။ အဲ့ဒါတွေကို လူကြီးတွေက ကြိုတွေးပြီး ကာကွယ်ပေးရမှာပေါ့။ "

တုန်ဟွိုင်ဟွသည် ယခင်က လင်းလန်ပြောပြဖူးသည်များကို  စိတ်၀င်စားဖွယ် ပြန်ပြောပြနေ၍ လင်းလန်မှာ နားထောင်ရင်း ပြုံးနေမိသည်။ တုန်ဟွိုင်ဟွကမှ သူမထက်ပိုပြီး အချိန်ကူးပြောင်းလာသူနဲ့ တူသေးတယ်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Onde histórias criam vida. Descubra agora