အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.4K 120 1
                                    

Part 335

အားဝမ်က  ညည်းလိုက်သည်။

“မားမားက တကယ်ကိုလက်မဖွာဘဲမနေနိုင်ဘူး..."

စန်းဝမ် :မားမားက စိတ်ရှုပ်နေပြန်ပြီ...ကံကောင်းချင်တယ်...

သူက ကောက်ယူရန် စိတ်လှုပ်ရှားစွာဖြင့် လက်ဆန့်လိုက်၏။

လင်းလန်က ပိုက်ဆံအိတ်ထဲကို ကြည့်လိုက်သည်။ပြားတန်မရှိသဖြင့်  ဆင့်နှစ်ဆယ်ယူလိုက်ပြီး  တွန့်ဆုတ်ဆုတ်နှင့် ပြန်ထည့်ကာ နောက်ဆုံးတွင် နှစ်ဆင့်ထုတ်ကာ သူ့လက်ထဲ ထည့်လိုက်သည်။

စန်းဝမ် : "!!!"

မားမား နှိုးထပါဦး... မားမားဘာဖြစ်နေတာလဲ...မရေတွက်တတ်ဘူးလား...ကျွန်တော်က မားမားရဲ့သားလေ...ကိုယ်ရေးကိုယ်တာရန်ငြိုးကို လူသိရှင်ကြား လက်စားချေလို့ မရဘူးဗျ...

မူလက လင်းလန်က ဆင့်နှစ်ဆယ်ထုတ်သည်ကိုမြင်သောအခါ နည်းသော်လည်း ဆင့်နှစ်ဆယ်ကလည်း ပိုက်ဆံပါပဲဟုတွေးခဲ့၏။

သူ့မားမားက ၎င်းကို ပြန်ထည့်လိုက်မည်ဟု သူမည်သို့သိပါမည်နည်း။ သကြားလုံး ဆယ်လုံးဝယ်ရရင် အဆင်ပြေသည်ဟု သူ တွေးခဲ့သည်။

  ဘယ်လိုလုပ်သိမှာလဲ... သူ့မားမားက မပေးချင်ဘူးဆိုတာကိုလေ... သူ့ကို နှစ်ဆင့်ပဲပေးတယ်...

လင်းလန်က တည်ငြိမ်စွာပြောလိုက်၏။ “တောင်းပန်ပါတယ် ...ငါ့မှာ ငါးဆင့်မရှိဘူး ...နှစ်ဆင့်ပဲရှိတယ်”

စန်းဝမ်က  ​​ငိုယိုပြီး လှည့်စားတတ်သည့်သူမျိူး မဟုတ်ပေ။အများကြီးမရသော်လည်း နှစ်ဆင့်ကို မကြိုက်ဘဲမနေပေ။

ယူသွားပြီး အခွင်အရေးရမှ ထပ်တောင်းမယ်...
ဟီးဟီး...

  လင်းလန်က တဝမ်ကိုမေးလိုက်သည်။
"ကတုပ်တွေအကုန်လုံး  တံခါးအပြင်မှာချပြီးပြီလား"

တဝမ်က ချပြီးပြီဟုပြော၏။
တရုတ်နှစ်သစ်ကူး ဓလေ့မှာ ညဘက်တွင် တံခါးအပြင်ဘက်မှာ တုတ်များချ၍ တံခါးပေါက်မှ ပင်မအခန်းအထိ ကောက်ရိုးများကို ခင်းထားလေ့ရှိပြီး ပင်မခန်းအတွင်း၌ ကလေးငယ်များ ဒူးထောက်ကာ ​ဦးတိုက်သွားနိုင်ရန် ဖြစ်သည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Où les histoires vivent. Découvrez maintenant