အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1K 97 0
                                    

Part 435

ဤပြဇာတ်ဆန်ဆန်ပြောင်းလဲမှုက သူမကို အတော်လေး သတိလျော့ပါးသွားကြောင်း လင်းလန် ခံစားခဲ့ရသည်။ သားဖြစ်သူက အရင်ကနှင့်အတူတူပင်ဖြစ်ကာ မျက်နှာမှာ အမူအရာမဲ့လျက် ဘာမှစိန်မဝင်စားသလိုဟန်ပင်ရှိနေဆဲဖြစ်ပြီး သူဘာတွေတွေးနေလဲဆိုသည် ဘယ်သူမှမသိနိုင်ပါချေ။ သို့ပေမဲ့  ယခု သူမသိပြီဖြစ်၏။  သူ တကယ်ကို စာကြိုးစားဖို့ တွေးနေတာဟ...

အံ့သြစရာကောင်းလိုက်တဲ့ ခံစားချက်...

အစ်ကိုအစ်မများ ထွက်သွားပြီးနောက် ရှောင်ဝမ်က ခွေးပေါက်လေးများကို ရေချိုးပေူရန် ရေနွေးအိုးကို ပျော်ရွှင်စွာ လောင်းထည့်လိုက်သည်။သူက ရေချိုးပေးရင်း သီချင်းဆိုနေလေ၏။

"ငါရေချိုးရတာ ကြိုက်တယ်...ရေချိုးရတာ ကြိုက်တယ် အို့ အို့ အိုး~~ ပူဖောင်းတွေအများကြီးပဲ... "

ဤသည်က သူ့ကို ရေချိုးပေးနေချိန် လင်းလန် ပေါ့ပေါ့ပါးပါး ညည်းခဲ့သည့်ဟာဖြစ်သည်။ဘယ်သူကမှ  ပြဿနာတစ်ခုဟု မထင်ကြ၊ယင်းကို သူမကြားလိုက်သည်နှင့် တန်းသိလိုက်သည်။

ထိုစဥ် ကုမိန်က သူမမဆီ ရောက်လာပြီးပြော၏။ "တတိယဒေါ်ဒေါ်...  အမေက အဖွားအိမ်ကို အတူတူသွားရအောင်လို့ ပြောတယ်"

လင်းလန်က အေးအေးဟု ​ပြန်တုန့်ပြန်လိုက်ပြီး ကုမိန်ကိုပြောလိုက်သည်။

"ရှောင်ဝမ် ဒီမှာ ကစားချင်လား"

ကုမိန်ကလည်း ခွေးပေါက်လေးတွေကို အလွန် သဘောကျ၏။ ပထမချွေးမဟန်နှင့် ဆွေးနွေးပြီး တစ်ကောင်မွေးချင်သောကြောင့်  နို့ပြတ်လျှင် အိမ်ကို တစ်ကောင်ယူသွားမည်ဖြစ်ကြောင်း ကြိုပြောထားလေသည်။ယခင်ရင်တုန်းက အဘွားကြီးဟန်က ခွေးတွေကို အစားအသောက် ဖြုန်းတီးသည်ဟု ထင်သည့်အတွက် မွေးမြူခွင့်မပေးခဲ့ပေ။ယခုတွင် မိသားစုခွဲထွက်ပြီးပြီဖြစ်ရာ ကုမိန်က သဘောကျသည့်အခါ ပထမချွေးမဟန်ကလည်း မွေးရန်သဘောတူ၏။

ကုမိန်က ပြောလေသည်။
"တတိယဒေါ်ဒေါ်...သမီး ဒေါ်ဒေါ်နဲ့အတူတူ လိုက်ခဲ့တာပိုကောင်းမယ်"

လင်းလန် သဘောတူခဲ့ပေမဲ့ ရှောင်ဝမ်က မသွားဘဲ အိမ်မှာ ခွေးပေါက်လေးတွေနှင့် ဆော့ကစားချင်ခဲ့သည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Donde viven las historias. Descúbrelo ahora