အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.3K 121 0
                                    

Part 440

ယင်းကိုမြင်သောအခါ ဒုတိယအစ်ကိုဟန်နှင့်ဒုတိယချွေးမဟန်က စကားတစ်ခွန်းမှမပြောဘဲ သဘောတူလိုက်သည်။ အမှန်တွင်  ဤသည်က အဘွားကြီးဟန်ကိုယ်တိုင်ပြောခဲ့သည်နှင့် အလွန်ကွာခြားပြီး သူတို့ လက်ခံနိုင်သေး၏။

ထိုသို့ဖြင့်  ပြေလည်သွားသောအခါ ဟန်ချင်ဟွက  လင်းလန်ကို အထည်ဝယ်ခိုင်းရန် အဘွားကြီးဟန်ဆီ ပိုက်ဆံတောင်းလိုက်သည်။ အဘွားကြီးဟန်က  တုံ့ဆိုင်းနေဆဲဖြစ်ပြီး ငွေမပေးမီ လင်းလန်ကို ဝယ်စေချင်သည်။

လင်းလန် မည်သို့ သဘောတူနိုင်မည်နည်း။ ဟန်ချင်စုန့်၏ညီမဖြစ်နေခြင်းကြောင့်သာ မဟုတ်ပါက ဟန်ကျင်းယု၏စရိုက်အရ လင်းလန် သူမကို တစ်ချက်ပင် ကြည့်မှာ မဟုတ်ပေ။
 

ဟန်ချင်ဟွက ဆို၏။

"အမေ မြန်မြန်လုပ်သင့်တယ်...တတိယမရီးက ကူညီချင်စိတ်ရှိနေတာ ကောင်းတယ်"

အဘွားကြီးဟန်က ဆယ်ယွမ်သွားယူပြီး လင်းလန်ကို ပြန်ယူလာရန်  ပြောလေသည်။

လင်းလန် : ငါ  အခု ကူတောင်မကူညီချင်တော့ဘူး...

ဂွမ်းနှင့်ပတ်သက်၍မူ လင်းလန်  ဂရုမစိုက်ပေ။သူမက အဘွားကြီးဟန်အား အထည်လက်မှတ်များကို ကိုယ်တိုင် ခြစ်ချုပ်စုခိုင်းလိုက်ပြီး အဘွားကြီးဟန်က လဲလှယ်ရန်သို့မဟုတ်ဝယ်ရန် တစ်စုံတစ်ဦးကို ခိုင်းသည့်တိုင် ထပ်ထည့်ရသည့် အမှတ်ကအတူတူပင် ဖြစ်သည်။

အဘွားကြီးဟန်ကပြော၏။
“နင်တို့ သုံးယောက် ခန်းဝင်ပစ္စည်းစုပေးရမယ်"

ပထမချွေးမဟန်: “စုစုပေါင်း ပမာဏကို တွက်ချက်ပြီး လေးပုံတစ်ပုံကို ပေးမယ်”

အဘွားကြီးဟန်က ၎င်းကို မိသားစုသုံးစုကြားတွင် မျှခံစေချင်ပြီး  သူမကိုယ်၌ကမူ မထည့်ဝင်ချင်ပေ။ အခု ပထမချွေးမဟန် ပြောသည်ကို ကြားသောအခါ  သူမ ဒေါသထွက်ရုံသာတတ်နိုင်သည်။ မိသားစုခွဲပြီးနောက် သူမ တကယ်ကို မထိန်းနိုင်တော့ပေ။ အခု ပထမချွေးမဟန်က သူမအိမ်ကို သူမကိုယ်သူမပဲ အုပ်ထားပြီး(တာဝန်ယူ) အစ်ကိုကြီးက သူမနှင့် အတူတူမနေသဖြင့် သဘာဝအတိုင်း အရာအားလုံးက သူမအပေါ်မှာပဲ မူတည်နေ၏။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Hikayelerin yaşadığı yer. Şimdi keşfedin