အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.3K 112 2
                                    

Part 351

လင်းလန်သည် ယခင်ကဆိုလျှင် မထီမဲ့မြင်ဟန်ဖြင့် အမြဲတစေ ရှိနေတတ်သော်လည်း ယခုတော့ အမြဲလိုလို ပြုံးနေလေ၍ ကျန့်ယောင်ကျူးအတွက် ထူးဆန်းနေလေသည်။

ယခင်လိုပဲ ချောမောနေသော်ငြား ပို၍ ဆွဲဆောင်မှုရှိလာသလိုပင်။

လင်းမိန်သည် ယောကျ်ားဖြစ်သူအား မျက်စောင်းထိုးလိုက်လေသည်။ " ပါးစပ်ပိတ်ထားစမ်းပါ။ လင်းလန်က ဟန်ချင်စုန့်အတွက် လှနေရင် ပြီးပြီလေ ။ ရှင်နဲ့ ဘာဆိုင်လို့လဲ ။ "

ကျန့်ယောင်ကျူး : " ငါက ပြောပြရုံပါ ။ ဟန်ချင်စုန့်ကလည်း တော်တော်လေး ချောတဲ့လူပဲ ။ ပြီးတော့ မင်းလည်း မင်းညီမအစားသာ ကြင်ဖက်သွားတွေ့ခဲ့ရင် အခုဆို ညွှန်မှူးကတော်ဖြစ်နေမှာလေ ။ နောင်တမရဘူးလား။  "

လင်းမိန်သည် ဒေါသထွက်လာတော့သည်။

" ပါးစပ်ပိတ်ထားစမ်းလို့ ။ အခုကျတော့ ခယ်မအလှည့်ဖြစ်သွားပြန်ပြီလား။ သူက ရှင့်ကို ယူတော့ရော ရှင် သူ့ကို ရှာကျွေးထားနိုင်မှာ မို့လို့လား။ ရှင့်လို လူကို ဘယ်သူက လက်ထပ်ရဲမှာမို့လို့လဲ ။ ရှင့်ကိုသာ လက်ထပ်ရင် ကျွန်မ ညီမက နှစ်နှစ်တောင် ခံနိုင်မှာမဟုတ်ဘူး။ "

လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဟန်ချင်စုန့်အိမ်မှာ မရှိချိန်တွင် လင်းလန်သည် ဘာတွေများ လုပ်နေခဲ့သလဲဆိုသည်ကို လင်းမိန် မသိသည်မဟုတ်။ လင်းလန်သာ ကျန့်ယောင်ကျူးကို လက်ထပ်ပါက နှစ်ယောက်လုံး ငတ်သေကြမှာ အသေအချာပင်။

အတိတ်တုန်းက အမွှာနှစ်ယောက်လုံးသည် ကြင်ဖက်တွေ့ရန် ပြင်ခဲ့ကြတာဖြစ်သည်။ တစ်ယောက်သည် ရှန်ရွေ့ရွာရှိ ဟန်မိသားစုမှ ဟန်ချင်စုန့်ဖြစ်ကာ တစ်ယောက်ကတော့ ကျန့်ကျားရွာမှ စာသင်သား ကျန့်ယောင်ကျူး ဖြစ်လေသည်။

လင်းလန်ကတော့ စစ်သားဖြစ်သူကိုသာ သဘောကျသည်ဟု ဆိုလေသည်။ စစ်သားနှင့် လက်ထပ်ကာ လစာကို ထိုင်သိမ်းပေးရင်း တပ်ထဲတွင် အေးအေးချမ်းချမ်းနေရမှာပဲဟုတွေးထား၍ ဖြစ်လေသည်။

လင်းမိန်သည်လည်း လင်းလန်ကဲ့သို့ပင် တွေးကာ အစကတော့ စစ်သားတစ်ယောက်နှင့် လက်ထပ်ချင်ခဲ့တာဖြစ်သည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Hikayelerin yaşadığı yer. Şimdi keşfedin