အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

985 78 0
                                    

Part 452

ဟန်ချင်စုန့်က ၎င်းကို အလေးအနက်မထားဘဲ  လက်မြှောက်ပြီး သူ့ပခုံးကို ပုတ်ကာဆို၏။

"မင်းရဲ့အမှားတွေကို ပြင်နိုင်တာကောင်းတယ်... နောင်မှာ ထပ်မလုပ်နဲ့တော့"

ဟန်ချင်ဟွက အာမခံလိုက်သည်။

"တတိယအစ်ကို... စိတ်မပူပါနဲ့...နောက်ဘယ်တော့မှ မလုပ်တော့ဘူးလို့ ငါကတိပေးပါတယ် "

ဟန်ချင်စုန့်က သူ့ကို တွန်းလိုက်၏။
အစ်ကိုကြီးဟန်လိုပဲ ဟန်ချင်စုန့်လည်း  အထူးသဖြင့် တခြားသူတွေနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံတသည့်အခါ သူ့ခံစားချက်တွေကို ထုတ်ပြရသည်အား မကြိုက်ပါချေ။  

ဟန်ချင်ဟွက  သူ့လက်ကို လွှတ်လိုက်ပြီး သူ့မျက်ရည်တွေကို အမြန်သုတ်ကာ ပြုံးလေသည်။

"ယောကျာ်းတွေက ဝမ်းနည်းတဲ့အဆင့်ကို မရောက်မချင်း မျက်ရည် လွယ်လွယ်နဲ့ မကျတတ်ဘူးလို့​ပြောကြတယ် ဟဟ"

ဟန်ချင်စုန့်က သူ့ကို စိုက်ကြည့်ကာ ဆို၏။

"မင်းက ငယ်ပါသေးတယ်...ငိုနေလည်း ဘယ်သူမှ မရယ်ဘူး"

ဟန်ချင်ဟွက   ဆက်ပြောလာသည်။

"တတိယအစ်ကို ကျောင်းအုပ်ဖန်က  ငါ့ကို အများကြီး ကူညီပေးခဲ့တယ် ...သူက အရမ်း ဗဟုသုတ ရှိပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်..သူ့ကို ဒီလောက် ဆိုးဆိုးရွားရွား တိုက်ခိုက်ခံရတာကိုပဲ မကြည့်ပါနဲ့... သူ့က သဘောထားကြီးပြီး အာဃာတတွေ   လုံးဝ မထားဘူး...သူနဲ့ငါက လူတွေ အာဃာတထားရတဲ့ အကြောင်းရင်းက ရင့်ကျက်မှု မရှိသေးတဲ့အတွက်လို့ပြောခဲ့ကြတယ်... လူတစ်ယောက်ဟာ လုံလောက်အောင်  သန်မာလာတဲ့အခါ လောကကြီးကို ကျော်လွှားနိုင်ပြီး အမှားအမှန်ကို သိနိုင်သလို အာဃာတထားဖို့ မလိုအပ်ဘူးဆိုတာလည်း သိလာတယ်... မင်းမှားရင် နောင်တရဖို့ အရည်အချင်းမမီဘူး... မင်းမှန်တယ်ဆိုရင် မတရားဆက်ဆံခံရတယ်...အာဃာတထားနေသေးရင် ကိုယ့်ကိုကိုယ် ပိုမသနားရာမကျဘူးလား...အဲဒီအစားကောင်းအောင်နေထိုင်ပြီး မင်းမှန်တယ်ဆိုတာ သက်သေပြဖို့အချိန်ယူရမယ်”

ဟန်ချင်စုန့်က ရပ်လိုက်ပြီး သူ့ကို လေးလေးနက်နက် လှည့်ကြည့်လေသည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now