အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1K 112 0
                                    

Part 446

လင်းလန်က သူမကဦးဆောင်၍ သူ့ကို ချီးကျူးလိုက်၏။

"ဟောင်နန်က  တော်လိုက်တာ..."

ရှောင်ဝမ်ကလည်း သူ့ကိုအားပေးရန် သူ့အတွက် ဘာဂျာမှုတ်ပေးနေပြီး ခွေးပေါက်လေးတွေကလည်း တအီအီအသံပေးကာ ကြည့်နေကြသည်။

အကြာကြီး တူကိုင်လေ့ကျင့်ပြီးနောက် ဟောင်နန်က ပင်ပန်းကာ ငိုတော့သည်။ နောက်ဆုံးတွင် သူ ဒေါသအတော်လေး ထွက်လာပြီး တဝမ်အိမ်မှာ မရှိတုန်း တူတွေကို  လွင့်ပစ်ကာ ပုစဥ်းရင်ကွဲတွေကို  သူ့လက်လေးများဖြင့် အမြန် ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

သူက ၎င်းကို ပါးစပ်ထဲသိပ်ထည့်ရင်း ငိုနေပြီး ခြေထောက်တွေကို ကန်ကျောက်ကာ ဗလုံးဗထွေးပြောနေ၏။

"ဝူးးး...တူတွေကျိုးသွားပြီ...ကျိုးသွားပြီ..."

ရှောင်ဝမ်:"..."

သူ အနည်းငယ်ဘာလုပ်ရမှန်းမသိသလို ခံစားလိုက်ရသည်။ သူ့ထက်ပိုငိုတတ်နေသည့် သူ့အစ်ကိုကို ဘယ်လိုအငိုတိတ်အောင်လုပ်ရမလဲ သူ မသိတော့ပေ။

လင်းလန်က ယင်းကို တစ်ချက်ကြည့်ပြီး လျစ်လျူရှုကာ ခဏလောက် ငိုခိုင်းထားလိုက်သည်။ မည်သို့ပင်ဖြစ်ပါစေ သူ့အဖွားက အနားမှာမရှိလေရာ သူ ဘယ်လောက်ပဲ ငိုငို ဘယ်သူကမှ သူ့ကို ဂရုမစိုက်ပေ။

ဟောင်နန် ပါးစပ်ပိတ်လိုက်သော်လည်း သူလုံးဝဝါး၍မရကြောင်းသိလိုက်ရသည်။အဓိကအချက်မှာ ဘယ်သူမှ သူ့ကို မဆူကြသလို ဘယ်သူမှလည်း သူ့ကိုမချော့ကြသည်ပင်။ ရှောင်ဝမ်တစ်ယောက်တည်းကသာ သူ့ကို နက်မှောင်ကြည်လင်သော မျက်လုံးရွဲကြီးတစ်စုံဖြင့် စပ်စုလိုစွာ ငေးကြည့်နေ၏။

ဟောင်နန်:"..."

ရှောင်ဝမ်:"ဘာလို့မငိုတော့တာလဲ"

ဟောင်နန်:"ဝူး...ဝူး...ဝူးးး"

ရှောင်ဝမ်:"အသံက တိတ်နေတယ်"

ဟောင်နန်:"..."

ငိုရသည်က တကယ်ပျင်းစရာကောင်းပြီး ဟောင်နန် မျက်ရည်များကို သုတ်ကာ အငိုရပ်လိုက်သည်။

သူအငိုရပ်သွားသည်ကို မြင်လျှင် လင်းလန်က ပြုံးကာဆို၏။

"သား ဒါကို လိုချင်ရင် စတုတ္ထဒေါ်လေးက မီးကင်ပြီး မစားဘဲ သားကိုကျွေးမယ်...သားသိလားအစ်ကိုကြီးတဝမ်က အကုန်လုံးကိုခေါ်ပြီး အဲ့ဒါကိုသွားရှာခဲ့တာ"

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now