အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.1K 102 0
                                    

Part 422

ရွာထဲရှိ ကလေးအများစုက မိဘများအလုပ်ကိုကူညီပေးသော်လည်း သူမဆိုလိုသည်ကို အခြားလူများက နားလည်ပေသည်။

လင်းလန်ဆိုသည်မှာ ရွာထဲတွင် အလုပ်မကြိုးစားဘဲ အပျင်းရိဆုံးမိန်းမဟု နာမည်ကြီးသူဖြစ်ပြီး ကလေးများကို ချက်ပြုတ်ခိုင်းကာ မနက်ဆယ်နာရီအထိ အိပ်သူဖြစ်ကြောင်းလည်း လူတိုင်းသိကြသည်။

အမျိုးသမီးအချို့က ရယ်မောကုန်ကြတော့သည်။

လင်းလန်က ဂရုမစိုက်ပါချေ။ သူတို့က ရယ်မောရုံသာလုပ်နိုင်သူများဖြစ်သည်။ သူမက တာဝန်ကျေသည့်ခင်ပွန်းနှင့် လိမ္မာသည့်ကလေးများရှိ၍ သူမဘာသာအပျင့်းကြီးနေ၍ရသည်။ သူတို့မိသားစု၏ထမင်းကို စားမနေရ၍ ဂရုစိုက်စရာမလိုပေ။

ထိုအချိန်တွင် အမျိုးသမီးတစ်ယောက်က လင်းလန်လက်ထဲတွင် ဆပ်ပြာတုံးအကြီးကြီးတစ်ခုကိုကိုင်ထားကြောင်းတွေ့လိုက်ပြီး အထူးတဆန်းထအော်လေသည်။

"အောင်မလေး... ဆပ်ပြာက အကြီးကြီးပါလား... သုံးလို့ကောလွယ်လို့လား.... ဒီလောက်အကြီးကြီးက..."

အခြားသောအမျိုးသမီးများကလည်း လာကြည့်ကြတော့သည်။ သူတို့က ဆပ်ပြာကဲ့သို့သောအရာမျိုးကို နှစ်သစ်ကူးပွဲတော်တွင် အပိုင်းအစအသေးတစ်ခုလောက်ဝယ်ပြီး မျက်နှာပန်းလှရုံသာဝယ်ကြခြင်းဖြစ်သည်။ များသောအားဖြင့် သူတို့ကမသုံးပစ်ကြပေ။

လင်းလန်: "သုံးလို့လွယ်တာပေါ့...."
ဘာပဲဖြစ်ဖြစ် ရေနဲ့ချည်းလျှော်တာထက်တော့ ပိုကောင်းတယ်လေ....

စန်းဝမ်က သူတို့အားလုံး အံ့ဩနေကြောင်းမြင်လိုက်၍ ရယ်မောကာပြောလိုက်သည်။
"မာမားကဖြင့် လေးခုတောင်ဝယ်လာတာလေ...."

သူလက်အမူအရာလုပ်ပြလိုက်သည်။
"အုတ်ခဲလောက်တွေချည်းပဲ...."

အချို့သောအမျိုးသမီးများက မနာလိုဖြစ်ကြကာ အချို့က နှုတ်ခမ်းများမဲ့ရွဲ့ကုန်ကြသည်။

နင့်ယောက်ျားသာ ခေါင်းဆောင်မဟုတ်ရင် နင်လည်းတတ်နိုင်မှာမဟုတ်ပါဘူး... ဟမ့်...

သူတို့ဘာမှမပြောသော်လည်း သူတို့၏အဝတ်များကို ပိုမိုကြမ်းတမ်းစွာဆောင့်လျှော်ကြတော့သည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Onde histórias criam vida. Descubra agora