အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.4K 129 0
                                    

Part 327

သူမကို ဆွပေးတတ်ပြီး ဒုက္ခပေးသူဟူ၍သာ မြင်၍မရပေ။ သူမက ဘယ်သူက သြဇာအရှိဆုံးဖြစ်ပြီး ဘယ်သူကမှ ရော၍မရဘူးဆိုသည်ကိုလည်း သိလေသည်။ယခု လင်းလန်က ရှန်ရွေ့ရွာမှာ သူမ သွားစ၍မရဆုံးသောလူပါပင်။

သူမနဖူးပေါ်က အမာရွတ်က ရှိနေသေး၏။

သူမ ယင်းကို ကောင်းကောင်းသိသောကြောင့်  ယခုကို လှောင်ပြောင်ရုံလှောင်ပြောင်ရဲပြီး တကယ်ကြီးသွားမရှုပ်ခဲ့ပေ။

အရှေ့ခန်းတွင် ဘာလှုပ်ရှားမှုမှ လင်းလန် မကြားရသဖြင့်  ပထမချွေးမဟန် အလွှမ်းမိုးခံလိုက်ရမည်ကို သူမ အနည်းငယ် စိုးရိမ်နေမိသည်။

ပထမချွေးမဟန်လိုလူများသည် ယခင်ကလည်း တခြားသူများနှင့်ဆို  အလွယ်တကူ ရှက်ရွံ့တတ်ကာ ခိုင်ခိုင်မာမာ  စကားတစ်ခွန်းကိုမျှ မပြောတတ်ပေ။ မကောင်းသည့်ဟာတစ်ခုခုရှိလျှင်ပင် သေချာပေါက်  သည်းခံပေလိမ့်မည်။

မိသားစု၏ အကျည်းတန်မှုကို လူသိရှင်ကြား မဖော်ပြသင့်ပါချေ။ ဤသည်မှာ ပထမချွေးမဟန်၏ ဆောင်ပုဒ်ဖြစ်၏။
(အတွင်းမီးကိုအပြင်မထုတ်ရ)

ထို့ကြောင့် ယခု သူမကို ယောက္ခမက ကြွက်စုတ်ဟု ခေါ်ပြီး သူမ၏မိဘအိမ်သို့ မောင်းထုတ်ခံရတော့မည် ဖြစ်ကာ ညှိနှိုင်းမရသော ပဋိပက္ခ ဖြစ်နေသည်မှာ ထင်ရှားလေသည်။

ပထမချွေးမဟန် ထိုအကြောင်းကို များများတွေးလေ၊ သူမ သေခြင်းတရား အဆုံးစွန်သို့ ရောက်သွားမည်ဖြစ်လေလေဟု ခန့်မှန်းရ၏။

ထို့ကြောင့် လင်းလန် ဘာပဲဖြစ်ဖြစ် သွားကြည့်ပြီး သူမကို ဖြောင့်ဖြချင်သေးသည်။

ဒုတိယချွေးမဟန်က သရော်၏။
"တတိယမိသားစုကို မသွားနဲ့လို့ ငါပြောလိုက်မယ်...သူတို့ အဆင်မပြေပေမဲ့ နင်သွားကြည့်တုန်းပဲ...နင်ကိုယ်နင် ကြင်နာတယ် လို့ပြောတယ်... လူတွေကတော့ နင်ကို ကြွားနေတယ်လို့ထင်ကြတာ"

လင်းလန်ကပြောလိုက်သည်။
"ငါမှာ ရိုးသားဖြူစင်တဲ့ အသိစိတ်ရှိတယ်"

သူမအနောက်ခန်းထဲဝင်သွားချိန်တွင် ပထမချွေးမဟန်က အနွေးကုတင်ပေါ်မှာထိုင်၍ တသိမ့်သိမ့်တုန်နေပြီး ကုမိန်က  သူမလက်မောင်းကို ပွေ့ဖက်ကာ ထိတ်လန့်တကြားမရပ်မနား ငိုနေလေ၏။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now