အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.2K 103 0
                                    

Part 363

ထိုလူငယ်လေးသည် သူမရှိရာသို့ အပြေးလာနေသဖြင့် လင်းလန်ရပ်ကာ သူ့အား ပြုံ၍ ကြည့်နေမိသည်။

အရမ်းချောတာပဲ ....

လင်းလန်က အပြုံးမပျက်ဘဲ " အစ်ကိုကြီးက အရမ်းချောတာပဲနော် " ဟုဆိုလိုက်သည်။

ဟန်ချင်စုန့် : " ....... "

ဟန်ချင်စုန့် ရှေ့တိုးကာ လင်းလန်အား ပွေ့ဖက်လိုက်သည်။

လင်းလန်သည် အမြင်များ မသဲကွဲတော့သော်လည်း စနောက်ရန်ကို မမေ့သေးပေ။

" ဘာလုပ်နေတာလဲ ကျွန်မမှာ ယောက်ျားရှိတယ် "

ဟန်ချင်စုန့် :  " ! "

လင်းလန် ဟန်ချင်စုန့်၏ လည်ပင်းအား သိုင်းဖက်လိုက်ကာ နူးနူးညံ့ညံ့လေးဖြင့် " ယောက်ျားရေ  ကျွန်မ ခေါင်းမူးနေတယ် " ဟူ၍ ပြောလေသည်။

ဟန်ချင်စုန့်က လင်းလန်ကို ကောက်ပွေ့လိုက်ကာ ရွာထဲသို့ ပြန်ခေါ်သွားပေးလေသည်။

........

ယနေ့မနက်က သူမ ခေါင်းမူးနေသော်လည်း အလုပ်ကိုသွားလိုက်သေးသည်
ဟန်ချင်စုန့်ကလည်း ဗျုရိုသို့ သွားရလေသည်။ စိုက်ပျိုးရာသီချိန် ပြီးသွားပြီဖြစ်သဖြင့် လုပ်စရာတော့ အများကြီးမရှိပါ။ နောင်အတွက် အလုပ်များကို ကြိုတင်ပြင်ဆင်ထားရုံသာ ရှိသဖြင့် အိမ်သို့ပြန်ကာ လင်းလန်အား လုပ်ခရအောင် ကူညီပေးမည်ဟု တွေးထားလေသည်။

ဗျူရိုမှ ၀န်ထမ်းများသည် ကျေးလက်သို့သွား၍ စိုက်ပျိုးရေးလုပ်ရမည်ကို ဂုဏ်ယူနေကြကာ ဘယ်သူကမှ ပျက်ကွက်ခွင့်အကြောင်း မပြောကြ။

ခေါင်းဆောင်များမှစကာ ၀န်ထမ်းများအဆုံး လက်ခံကြလေသည်။

ပြောရရင် အလုပ်မလုပ်ချင်သူသာ ရှိကာ အလုပ်လုပ်ချင်သူကတော့ ရှားတယ်မဟုတ်ပါလား။

ဟန်ချင်စုန့် အိမ်သို့ ပြန်ရောက်သည့်အခါ လင်းလန်က အိမ်တွင်မရှိ၍ မြက်ရိပ်သည့်စုဝေးရာနေရာသို့ လိုက်သွားခြင်းဖြစ်သည်။

တုန်ဟွိုင်ဟွက လင်းလန်သည် ရွာပြင်ရှိ အဖွဲ့အစည်းမှ ဖိတ်ခေါ်ထား၍ ညကြမှ ပြန်ရောက်လာလောက်သည်ဟု ဆိုသည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Où les histoires vivent. Découvrez maintenant