Part 326
အဖွားကြီးဟန် ပို၍ပင် ဒေါသဖြစ်ကာ ဆိုးဆိုးရွားရွား တုန်ယင်နေလျက်ဆို၏။
“မင်း...မင်း...မင်း...က သစ္စာမဲ့တဲ့မျိုးရိုးပဲ…”
သူမအစ်ကိုဖြစ်သူက သူမအမေကို ကူညီနေတာကို မြင်သောအခါ ကုမိန် နောက်ဆုံးမှာ စိတ်ထဲရှိ ရှက်စိတ်နှင့် စိတ်ရှုပ်ထွေးမှုကို ဖြတ်ကျော်သွားနိူင်ပြီး သူမအမေ ကူညီရန်ရှေ့ကို ပြေးသွားသည်။ စကားမပြောဝံ့သော်လည်း ပထမချွေးမဟန်၏ ကျန်လက်တစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထား၏။
ရုတ်တရက် တစ်စုံတစ်ယောက်က သူမကိုကူညီလာသောအခါ ပထမချွေးမဟန် သူမ၏ အရိုးများ ဆွဲထုတ်ခံရလိုက်သကဲ့သို့ အားနည်းသွားကာ တခဏတွင်းချင်း ပျော့ခွေသွားသည်။
မူလက သူမ အားကုန်သုံး၍ ဒေါသကို ဖွင့်ထုတ်ချင်သော်လည်း ဘာလုပ်ရမည်ကို မစဉ်းစားခဲ့ပေ။
ကွာရှင်းရန်ဆိုသည် လုံးဝမဖြစ်နိုင်သလို ထိုလူကို လည်း အဆုံးရှုံးမခံနိုင်ပါချေ။
သူမပြန်သွားပြီး သူမ၏မိခင်မိသားစုအတွက် အရှက်ရရအောင်လုပ်ရန်က မဖြစ်နိုင်ပါချေ။
လင်မယားချင်းကွာရှင်းမှုကိုလည်း သူမလိုချင်ပေ။မိန်းမတစ်ယောက်က သူမခင်ပွန်းနှင့်သားသမီးစွန့်ခွာခဲ့ပါက တခြားဘာလုပ်နိုင်မည်နည်း။
သူမမှာ သားသမီးလည်းရှိသေး၏။
ထိုအချိန်တွင် သူမ အားနည်း၊ မူးဝေပြီး မအီမသာဖြစ်နေကာ ယောက်ျားဖြစ်သူက အဖွားကြီးဟန်၏ ကွာရှင်းပြတ်စဲခိုင်းမှုကို အမှန်တကယ် နားထောင်ပြီး သူမအမေအိမ်သို့ ပြန်ပို့မည်ကိုကြောက်သောကြောင့် ပြဿနာရှာမိခဲ့သည်ကိုပင် နောင်တရခဲ့သည်။
သူ ထိုသို့ပြောရဲပါက သူမမြစ်ထဲခုန်ချလိုက်မည်ဖြစ်ပြီး သေလျှင်ပင် ဘယ်တော့မှ ပြန်သွားမည်မဟုတ်ပေ။(မိဘအိမ်ကို)
အကြိမ်တစ်ရာ သေပစ်လိုက်မည်။
တစ်ခုခုဖြစ်သည့်အခါ ဒေါသစိတ်နှင့် စိတ်လိုက်မာန်လုပ်မှုကြောင့် အဆုံးသတ်သွားသည်က ဒုက္ခအများဆုံးအရာပါပင်။
YOU ARE READING
အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်
General Fictionအပိုင်း၃၁၁စပါ့မယ်ရှင့်အရှေ့အပိုင်းများကို accထဲတွင်ရှာ၍ဖတ်နိုင်ပါတယ်😊