အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1K 110 2
                                    

Part 447

ဟန်ချင်စုန့်နှင့် တဝမ်ကလွဲပြီး အကုန်လုံးက ချီးကျူးနေကြသောအခါ ဟောင်နန်  ရှက်ကာ မျက်နှာလေးနီသွားလေသည်။

သူက ရှောင်ဝမ့်အတွက် ဟင်းရွက်ချဥ်များယူပေးလိုက်ပြီးဆို၏။

"အလုပ်ရှုပ်လေး...ဒီမှာ စား"

၎င်းနောက် သူက လင်းလန်အတွက် ထည့်ပေးပြီး ဟင်းရွက်ချဥ်တွေကို အကုန်လုံးအတွက် တစ်ယောက်ပြီးတစ်ယောက် ထည့်ပေးခဲ့သည်။ သို့ပေမဲ့ သူ၏ တူကိုင်စွမ်းရည်ကို အချိန်အတော်ကြာ ကြွားဝါပြီးနောက် သူ့အနေဖြင့် မရေမတွက်နိုင်သော ချီးမွမ်းစကားတွေရရှိပြီးမှသာ ကျေနပ်လေ၏။

နောက်​ဆုံးတွင် သူကျေနပ်သွားပြီး အကုန်လုံးနှင့်အတူတူ စတင်စားသောက်တော့သည်။

ရှောင်ဝမ်:"တူနဲ့စားရတာ အရသာရှိတယ်မလား"

ဟောင်နန်က ခေါင်းညိတ်ကာဆို၏။
"အင်းးး"

ညစာစားပြီးနောက် စန်းဝမ်က ပုစဥ်းရင်ကွဲသွားဖမ်းသော်လည်း အိုးကြီးဝမ်ကမူ ပြောလေသည်။
"မသွားဘူး...စာအုပ်ဖတ်မှာ"

၎င်းနောက် သူက အိမ်ထဲဝင်သွားပြီး မီးထွန်းကာ စာအုပ်ဖတ်နေ၏။

အားဝမ်:"တကောက စာလုပ်နေတယ်...သွားရအောင် "
သူက မိုင်စွေ့နှင့် ညီတွေကိုခေါ်ပြီးအတူတူထွက်သွားလေသည်။

သူတို့ ထွက်သွားသည်နှင့် လင်းလန်က တဝမ်ကို ပြတင်းပေါက်ကနေ တိတ်တိတ်လေး ချောင်းကြည့်လိုက်သည်။
သူတကယ်ကြီး စာလုပ်နေတာပဲ ...

ဟန်ဆောင်နေတာ မဟုတ်ဘူးဟ ...

အိုးးး... ဒီကလေးက ပြောရင် ပြောသလို တကယ် လုပ်သားပဲ...အရမ်းမိုက်တယ်...
သူမလည်း  တဝမ်ကို  ဆောင်းရာသီပိတ်ရက်ကျ စပရိုက်တိုက်နိုင်ရန် သူ့ကို အကူအညီပေးနိုင်မည့် နည်းလမ်းတွေကို စဉ်းစားနေခဲ့သည်။

သူမ ကလေးစာလုပ်နေသည်ကို မနှောင့်ယှက်ချင်သောကြောင့် အထည်စကို ယူထုတ်လာပြီး ဟန်ချင်စုန့်ကို ပေးလိုက်သည်။

ဤသို့သော  အထည်မျိုး၏ဈေးနှုန်းက ပွင့်လင်းမြင်သာမှုရှိပြီး အဘွားကြီးဟန်ကလည်း ၎င်းကို စုံစမ်းကြည့်ခဲ့ဖူးသည်။ လင်းလန်ဝယ်လာသည်က သူမစုံစမ်းသည်ထက် ဆင့်ငါးဆယ်ပဲ ပိုဈေးချိုနေသည်ကို မြင်သောအခါ  လင်းလန်၏ တတိယအစ်မ ၎င်းကို သိပ်ပင်စျေးလျော့မပေးဟု ခံစားလိုက်ရပေမဲ့ သူမ ဘာမှမပြောနိုင်ချေ။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Où les histoires vivent. Découvrez maintenant