အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.2K 127 0
                                    

Part 387

ငါးချက်ရိုက်ပြီးနောက်တွင် လင်းလန်က အတော်လေးစိတ်ဖိစီးနေပြီဖြစ်သည်။ သူမက သူမ၏လက်ချောင်းများကို ကိုက်ကာ ဟန်ချင်စုန့်ကို သနားစဖွယ်လေးကြည့်နေပြီး သူမဘက်လှည့်ကြည့်လာပါရန် မျှော်လင့်နေလေသည်။

သူမ စန်းဝမ်၏တင်ပါးကို မကြည့်ရဲပေ။

တဝမ်က ပုံမှန်အတိုင်းသာဖြစ်သော်လည်း အားဝမ်နှင့်မိုင်စွေ့က မျက်ရည်ဝဲနေလေသည်။ ရှောင်ဝမ်ကမူ လင်းလန်၏ခြေထောက်ကိုဖက်ထားပြီး သူ့မျက်ရည်များကြောင့် လင်းလန်၏ဘောင်းဘီများကို စိုရွဲနေစေသည်။

ဟန်ချင်စုန့်က လင်းလန်ကိုမကြည့်ဘဲ ဆက်ရိုက်နေကာ လင်းလန်ကလည်း ရှစ်ချက်မြောက်ရောက်သည်အထိ ရေတွက်ပြီးနောက်တွင် သည်းမခံနိုင်တော့ပေ။

လင်းလန်က သူမကိုယ်သူမအားတင်းကာ ပြောလိုက်သည်။

"စန်းကော... သူ့အမှားသူဝန်ခံတာက ကောင်းတဲ့ အပြုအမူဟုတ်တယ်မလား..ကျန်တဲ့အချက်တွေဆက်မရိုက်ပါနဲ့တော့... သူနောက်တစ်ခေါက် အမှားလုပ်မှဆက်ရိုက်လေနော်...."

အဆုံးတွင် သူမက  အမေတစ်ယောက်ဖြစ်သောကြောင့် ကိုယ့်သားသမီးနာကျင်နေရသည်ကို မမြင်ရက်ပါချေ။

ဟန်ချင်စုန့်က ဆက်မရိုက်တော့ဘဲ သူမကိုကြည့်ကာ တုန့်ဆိုင်းသွားပြီး တဝမ်ကိုကြည့်လိုက်သည်။

တဝမ်က ချက်ချင်းရှေ့ထွက်လာသည်။

ဟန်ချင်စုန့်က သူ့ကို ကြိမ်တုတ်ကိုပေးလိုက်သည်။
"ကိုင်ထား..."

တဝမ်: "..."

သူ့လက်ထဲတွင် ကြိမ်လုံးကိုကိုင်ပြီး တုန်ယင်နေမိသည်။

ဟန်ချင်စုန့်က အဝတ်အစားစချွတ်တော့သည်။

လင်းလန်နှင့် ကလေးများက ကြောင်အသွားကြသည်။

သူဘာတွေလုပ်နေတာလဲ....

ဟန်ချင်စုန့်က အင်္ကျီချွတ်ကာ သူ့လက်များကိုနံရံပေါ်ထောက်ရင်း စန်းဝမ်ကိုကြည့်လိုက်သည်။

"မင်းအမေက မင်းကိုချစ်တယ်ဆိုပေမဲ့ အပြစ်ဒဏ်ကတော့ လျော့လို့မဖြစ်ဘူး... ငါကျန်တဲ့အချက်တွေအရိုက်ခံပေးလိုက်မယ်..."

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Tempat cerita menjadi hidup. Temukan sekarang