အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.4K 130 0
                                    

Part 332

လင်းလန်ပြန်လာသည်ကိုမြင်သောအခါ စန်းဝမ်က  ခေါင်းလေးထောင်ပြီးပြောလေသည်။

"မားမား ပြန်လာပြီလား"

လင်းလန်က လက်ညိုးနှင့်တို့ကာမေးလိုက်၏။
"မင်းဘာဖြစ်နေတာလဲ... တစ်နေ့လုံး ရန်ဖြစ်နေတာကို မြင်ချင်နေတာလား"

စန်းဝမ်: "လျှိုချွန်းချိုက်ကပြောတယ်... ဝါဒဖြန့်အဖွဲ့ခေါင်းဆောင်က ဒီအစီအစဉ်ဟာ ဘဝကိုအခြေခံတယ်... ငါတို့က ကောင်းကောင်း  စူးစမ်းလေ့လာရမယ်.. သင်ယူထားတာတွေကို လက်တွေ့အသုံးချရမယ်...အဲ့ဒါမှသရုပ်ပြမှုက လက်တွေ့ဆန်လိမ့်မယ်လို့ပြောတယ်တဲ့...ကျွန်တော်က မဟုတ်......"

"မင်းက ဘာမဟုတ်တာလဲ...ငါ့အတွက် စာကြိုးစားစမ်းပါ"
လင်းလန်က ပြုံးကာ ခေါင်းညိတ်ပြီးပြောလိုက်သည်။
"စားပြီးရင် မင်းဘာလို့ မအိပ်သေးတာလဲ"

စန်းဝမ်က ရယ်ပြီး
"ကျွန်တော့်မားမားကို စောင့်နေတာပေါ့ဗျ... ဟေး  ကျွန်တော်က အိမ်စာလုပ်နေတာ"
သူက ရေးစာအုပ်နှင့် ဘောပင်ကို ထုတ်ယောင်ဆောင်လိုက်သည်။

အားဝမ်နှင့်မိုင်စွေ့တို့က လင်းလန်ဆီသို့  အစားအစာများ ယူလာပေးကြသည် ၎င်းတို့အားလုံးက စွပ်ပြုတ်များဖြစ်သောကြောင့် အိုးထဲတွင် အပူပေးသောအခါ ပျော့အိသွားမည်မဟုတ်ပါဘဲ ဆန့်ကျင်ဘက်အနေဖြင့်  ပို၍ပင် အရသာရှိလာသည်။

အားဝမ်: "မားမား အခုချက်ချင်း ဖက်ထုပ်လုပ်ရအောင်... ဒါမှမဟုတ် သန်းခေါင်ကျော်တဲ့အထိ စောင့်ရင်ရော"

လင်းလန် သူမနာရီကို ကြည့်လိုက်သောအခါ ကိုးနာရီခွဲလုနီးနေလေပြီ။

သူမ ဤကမ္ဘာတွင် ပထမဆုံး နှစ်သစ်ကူးညစာ ကို လွတ်သွားလေရာ ဖက်ထုပ်စားရန်ကို အလွတ်မခံနိုင်ပေ။

သူမကပြောလိုက်၏။

"ခဏစောင့်... မင်းအဖေပြန်လာမှ ဖက်ထုပ်လုပ်ကြမယ်...မားမားအရင်ဆုံး တခြားဟင်းတွေလုပ်ထားလိုက်မယ်..."

စားပွဲပေါ်မှ လတ်လတ်ဆတ်ဆတ်လုပ်ထားသည့် ငါးကြင်းကြီးတစ်ခုကို သူမ မြင်လိုက်ရသဖြင့် အံ့သြစွာပြောလိုက်သည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Kde žijí příběhy. Začni objevovat