အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1K 110 1
                                    

Part 444


ဟောင်နန်က စကားကောင်းကောင်း မပြောတတ်ပေမဲ့   မတုံးပေ။ နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ် ပြောနေကျဖြစ်သော်လည်း ဘယ်တော့မှ  နောက်တစ်ကြိမ် ရှိလာမှာ မဟုတ်ချေ။

ဟောင်နန်က ရှောင်ဝမ်နှင့်မတူပေ။ ဟောင်နန်တို့ မိသားစု အခြေအနေက အသင့်အတင့်ရှိပြီး သူ့အဘိုးနှင့် အဖွားက သူ့ကို အလိုလိုက်သွားပေမဲ့ သူကြိုက်သလိုနေ၍မရပေ။သူက သူမကျေနပ်သည့်အခါ ​မြေကြီးပေါ်မှာ လူးလိမ့်ပြီး ငိုကြွေးပေလိမ့်မည်။ လင်းမိန်က သူ့ကို အပြင်ထွက်ပြီး ပေတေခွင့်မပြုသော်လည်း သူ့မှာ ကလေးတစ်ယောက်တွင် ရှိသင့်သော ဇွတ်တရွတ်နိုင်သည့်စိတ်ကားရှိပါသေးသည်။

ငိုသည့်အခါ သူ့ကိုယ်ဟန်အနေအထားက ကမ္ဘာတုန်လောက်ပြီး သူ့ပန်းတိုင်မရောက်မချင်း အရှုံးမပေးပါချေ။

ရှောင်ဝမ်က ယခုလိုတိုက်ပွဲမျိုး တစ်ခါမှ မမြင်ဖူးပေ။ သူက  ပြပွဲကြီးတစ်ခု ကြည့်နေသလိုမျိုး ကြောင်တောင်တောင်တောင်နှင့် ရပ်နေခဲ့သည်။

လင်းမိန်က အလျင်အမြန် တံမြက်စည်းကို ကောက်ကိုင်ကာ သုတ်တော့မည်(ရိုက်)ဖြစ်သော်လည်း လင်းလန်က သူမကို မဖြောင့်ဖြခဲ့ပေ။ ဤကလေးကလည်း ဆုံးမရန်လိုသည်။

အမျိုးသမီးကျန်း လင်းလန် မတားသည်ကို မြင်သောအခါ  သူမဘာသာသူမ တားလိုက်ရ၏။

"အမလေး... ငါ့ရဲ့ ပေါင်အာကိုမရိုက်ပါနဲ့...ကလေးက ဒေါသထွက်နေလို့ပါ... ခဏနေကောင်းသွားလိမ့်မယ်"

"အမေ...အမေကထတာနဲ့ သူ့ကိုတစ်နေကုန်အလိုလိုက်နေတာ...အကျင့်ပါအောင်လုပ်နေတာ"
လင်းမိန်က အလျော့မပေးခဲ့ချေ။

အမျိုးသမီးကျန်းက ကလေးကို ဖက်လိုက်ပြီးဆိုလေသည်။
"ဒါဆို ငါ့ကို ရိုက်"
(Lol)

လင်းမိန်: " အမေက  အကြိမ်တိုင်း ဒီလို လုပ်တယ်...ကျွန်မက ကလေးကို ရိုက်ချင်ရင် အမေ့ကို ရိုက်လို့ပြောတယ်...အမေပြောကြည့်... အမေက အသက်ကြီးနေပြီ...ကျွန်မ အမေ့ကို ဘာလို့ ရိုက်ရမှာလဲ "

အမျိုးသမီးကျန်း: "ဒါမှမဟုတ် သူ့ကိုရိုက်"

သူမက ကျန်းယောင်ကျူးကို လက်ညှိိုးထိုးပြသည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Hikayelerin yaşadığı yer. Şimdi keşfedin