Part 374
စန်း၀မ် ဂွကြားကို ငုံ့ကြည့်ကာ အေးလို့ကျုံ့နေသည့် ငှက်လေးကို ကြည့်လိုက်သည်။
သေးလိုက်တာ ။
ရှင်းဖူ : " ....... " ဘာတွေ လာကြည့်နေတာလဲ ။ သူလည်း မသိလိုက်ပါဘဲ ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်မိသည် ။
စန်း၀မ်က ခါးကို မတ်လိုက်ကာ မျက်နှာကိုမဲ့၍ ပြောလိုက်သည်
" မင်းအရွယ်ကိုရောက်ရင် ငါကတောင် ပိုကြီးနေဦးမယ် "
ရှင်းဖူ ပေါက်ကွဲပစ်ချင်လာသည် ။
စန်း၀မ် : " တ့ဝေ့ မြန်မြန်လုပ်လေ "
တ့ဝေ့ : " မင်းတို့နှစ်ယောက်ပဲပြိုင် ငါ နံပါတ်ရေပေးမယ် "
စန်း၀မ် တ့ဝေ့ကို လက်ညှိုးထိုးပြီး " မင်းက အသုံးမကျတဲ့ကောင်ပဲ "
တ့ဝေ့ မျက်နှာပျက်သွားကာ စန်း၀မ်အား ထကန်ပစ်ချင်သွားသည်။
" လျှောက်ပြောမနေနဲ့ ဟိုဘက်ကမ်းထိကူးပြီး ဒီဘက်ကမ်းကို အရင်ပြန်ကူးလာနိုင်တဲ့သူ အနိုင်ပဲ "
ယခုရောက်နေကြသည့် နေရာသည် အတော်လေးကျဥ်းသည် မြစ်ဖျားနေရာဖြစ်၍ တစ်ဖက်ကမ်းနှင့် မီတာနှစ်ဆယ်ခန့်သာ ဝေးတာဖြစ်သည်။
စန်း၀မ် : " ငါ အဆုံးထိကူးပြမယ် စောင့်နေလိုက် မြန်မြန်ချွတ်လေကွာ စောင့်နေရအောင် မလုပ်နဲ့"
ရှင်းဖူက အေးလွန်းလို့ မခံနိုင်တော့ ။ " တ့ တ့ တ့ဝေ့ မြန်မြန် ချွတ်လိုက်ကွာ "
တ့ဝေ့လည်း တုန်တုန်ယင်ယင်ဖြင့် အင်္ကျီများကို ချွတ်လိုက်ရသည်။ သေစမ်းကွာ ၊ အေးလိုက်တာ ။ ချွတ်ပြီးနောက်တွင် အသေအချာကိုပင် စန်း၀မ်ထံမှ အထင်သေးသည့်အကြည့်ကို ခံလိုက်ရပြန်သည်။ ပိုတောင် သေးတာပဲ ။
တ့ဝေ့မှာ အေးလွန်၍ သွားချင်းရိုက်နေကာ တုန်ယင်လ်ို့နေသည်။ " ဒီနေ့ ....ဒီနေ့ကိစ္စကို ဘယ်သူကမှ ဘယ်သူကမှ မပြော ...လူကြီးတွေကို မပြောရဘူး ပြောတဲ့သူ ဘယ်သူမဆို ...."
ရှင်းဖူက ဆက်အော်ပေးသည်။ " ဘယ်သူမဆို အဖေက ငကြောက်ဖြစ်ပြီး အမေက ဖိနပ်စုတ်(မ်ိန်းမပျက်)ပဲ တစ်မိသားစုကလည်း ခွေးတွေပဲ "
VOUS LISEZ
အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်
Fiction généraleအပိုင်း၃၁၁စပါ့မယ်ရှင့်အရှေ့အပိုင်းများကို accထဲတွင်ရှာ၍ဖတ်နိုင်ပါတယ်😊