အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.1K 106 0
                                    

Part 424

သို့သော် တဝမ် ပုစဉ်းရင်ကွဲများပေါ်မှာ ကပ်သောအခါတွင် သူ၏ လှုပ်ရှားမှုများက သေးငယ်သောကြောင့် ကြောက်လန့်သွားသော ပုစဉ်းရင်ကွဲများက ရှားရှားပါးပါးဖြစ်ပြီး သူတို့က ပျံတက်သွားလျှင်ပင် အနီးနားရှိ သစ်ပင်များပေါ်တွင် ဆင်းသက်နေဆဲဖြစ်သည်။

အမျိုးသမီးတွေက ခဏလောက်  စောင့်ကြည့်နေခဲ့ချိန် တဝမ်က ငါးကောင်ခြောပ်ကောင်ခန့်ကပ်မိခဲ့၏။

မြန်လိုက်တာ...

ပေါက်စလေးက ပို၍ပင်  အံ့သြစရာကောင်းပြီး ဘာဂျာကို ညင်ညင်သာသာ တီးမှုတ်နေသည်ကို သူတို့တွေ့လိုက်ရသည်။ ပုစဥ်းရင်ကွဲကို မူးအောင်လုပ်နိုင်တာ ဖြစ်နိုင်လို့လား...  တကယ်မတုံးတာလား ဘာလား မသိတော့ဘူး...

သူတို့သာဆိုလျှင်  မှုတ်နိုင်မလားမသိပေမဲ့  ရှောင်ဝမ်က အားစိုက်ထားပြီး မှုတ်နေ၏

။အဘယ်ကြောင့်ဆိုသော် စန်းဝမ်က ပုစဉ်းရင်ကွဲမျးသည် တစ်လကြာပြီးနောက် သေသွားမည်ဖြစ်သဖြင့် သူတို့၏အစာအိမ်များ ရွှန်းရွှန်းဝေပြီး ပူနွေးမှုကို အထောက်အကူဖြစ်စေရန်အတွက် ၎င်းတို့ကို ကပ်၍ စားသောက်သင့်သည်ဟု ဆိုသောကြောင့်ဖြစ်လေသည်။

ရှောင်ဝမ်အနေဖြင့် ပုစဉ်းရင်ကွဲများက အလွန်သနားစရာကောင်းသည်ဟု ခံစားမိသည်။သူတို့သည် တစ်လမျှသာ အသက်ရှင်ပြီး အသားလဲမစားနိုင်ကြ ၊ လေကိုသောက်ကာ သစ်ပင်ရည်များကိုသာ စားနိုင်သောကြောင့် သူ သူတို့အတွက် ဘာဂျာကို တီးမှုတ်ပေးချင်ခဲ့သည်။

   ...

အဝတ်တွေလျှော်ပြီး အိမ်ပြန်ရောက်သောအခါ လင်းလန်က ကလေးတွေအတွက် ပုစဉ်းရင်ကွဲတွေကို မီးကင်ပေးရန် မီးမွှေးလိုက်၏။

ပုစဥ်းရင်ကွဲကြော်သာဆိုလျှင် အကောင်းဆုံးပါပင်။ အလယ်ရင်အုပ်က ပရိုတင်းဓာတ်တွေ ပြည့်နေပြီး ဗိုက်က အချိုရည်တွေပြည့်နေကာအရသာရှိသလို အာဟာရလည်းပြည့်ဝလေသည်။ယခုမူ ဗိုက်ထဲက ဗလာဖြစ်နေပြီး  အသားထူသည်ကို တွေ့နိုင်၏။ကြော်စားလျှင် သိပ်ကောင်းမည်မဟုတ်​ပေ။ရင်အုပ်ရှိအသားကပဲ သိပ်မဆိုးလှခြင်းဖြစ်သည်။ကြော်ထားသည်ထက် မီးကင်စားသည်က ပိုကောင်း၏။ ဗိုက်က ကြွပ်ကြွပ်ရွရွ မွှေးမွှေးကြိုင်ကြိုင်နှင့် ရင်အုပ်နှင့်  အသားတွေက အရသာရှိလေသည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Hikayelerin yaşadığı yer. Şimdi keşfedin