Part 321
အဖွားကြီး ဟန်က နောက်ဆုံးတွင် ချွေးမသုံးယောက်နှင့် မြေးမများကို စုရုံးကာ မိသားစု၏အကြီးတစ်ဦးအနေဖြင့် သြဝါဒခြွေလိုက်သည်
“ယောက်ျားက အလုပ်ကြိုးစားရင် ကောင်းကောင်းစားရမယ်...အမျိုးသမီးတစ်ယောက်ရဲ့ တာဝန်က သူ့အဖေနဲ့ ညီအစ်ကိုတွေကို အိမ်မှာ အနားယူနိုင်အောင် ပြုစုစောင့်ရှောက်ဖို့ပဲ... အထူးသဖြင့် နင်…”သူမက လင်းလန်ကို ဝါးစားမတတ်ပြောလိုက်သည်။
"တတိယမြောက်သားက အခု အလုပ်သွားတော့မှာ...သူ့အတွက် ထမင်းချက်ဖို့ စောစောထပြီး ပြန်လာရင်ခြေထောက်ဆေးပေးရမယ်"
တဝမ် အဖွားကြီးဟန်က သူ့အမေကို ဆူနေသည်ကို ကြားလျှင် ဟောင်ထျန်း နှင့် စကားမပြောတော့ဘဲ အိမ်ထဲသို့ လှည့်ကာဝင်လာခဲ့၏။
တဝမ် စကားမပြောခင်မှာ ရှောင်ဝမ်ကအော်လိုက်သည်။
"မားမား...သားခြေထောက်ကိုဆေးပေးပါ..."စန်းဝမ်က သူ့ကိုပြောင်လိုက်၏။
"မင်းက တကယ့်သားအရင်းမို့ မင်းခြေထောက်ဆေးပေးမှာပေါ့.... အဖေက မင်းနဲ့မားမား ခြေထောက်ကို ဆေးပေးပေမယ့် ငါ့ခြေထောက်ကိုတော့ တစ်ခါမှ ဆေးမပေးဖူးဘူး... တကယ်တော့ ငါ့ခြေထောက်ကလည်း အနံ့လုံးဝမရပါဘူး... မင်း အနံ့ခံနိုင်တယ်ဆိုတာ ငါမယုံဘူးကွ"
လက်ချာရိုက်နေသော အဖွားကြီးဟန် ရုတ်တရက်ကြက်သေသေသွားပြီး လင်းလန်ကို ပါးစပ်ဟောင်းလောင်းဖြင့် စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကာ သူမနဖူးမှ မီးခိုးတွေ ထွက်လာတော့မည်ဟု ခံစားနေရသည်။
ဟောင်ထျန်းတစ်ယောက် တဝမ်နှင့် တခြားသူများကို အံ့အားသင့်စွာ ကြည့်နေမိပြီး သူတို့က လင်းလန်အတွက် အဖွားကြီးဟန်ကို တိုက်ခိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူတို့ ဘာမှ တိုက်ရိုက်မပြောသော်လည်း အနှီကလေးတွေက သူတို့အမေကို ကူပေးနေကြောင်း လူတိုင်း တစ်ချက်လောက်ကြည့်ရုံနှင့်ပြောနိုင်လေသည်။
သူက နှစ်သစ်ကူးပြီးရင် အသက် 16 နှစ်ရှိလောက်ပြီပင်။ အဘွားကြီးတစ်ယောက်က သူ ့အမေကို ဆူပူကြိမ်းမောင်းနေသည်ကို မြင်တိုင်း သူမခံမရပ်နိုင်ဖြစ်ပြီး တစ်ခုခုပြောလိုသော်လည်း ဘာကြောင့်မှန်းမသိ သူရှက်ရွံ့နေမိပြီး ပြောမထွက်နိုင်ခဲ့ပေ။
YOU ARE READING
အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်
General Fictionအပိုင်း၃၁၁စပါ့မယ်ရှင့်အရှေ့အပိုင်းများကို accထဲတွင်ရှာ၍ဖတ်နိုင်ပါတယ်😊