အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.4K 135 0
                                    

Part 338

အိမ်ထောင်ဦးစီးက သဘောမတူသရွေ့ ကလေးတွေကို ခွဲမထုတ်နိုင်၊ တပ်မဟာက လုပ်ပေးမှာမဟုတ်ဟု သူမ ထင်ခဲ့၏။

မည်သို့ပင်ဖြစ်စေ သူမ ပထမချွေးမဟန်ကို ကိုင်တွယ်ရမည်။

ထုံးစံအတိုင်း ဟန်ချင်စုန့်က အနားမှာ ထိုင်မနေဘဲ သဘောတူသော ဟန်ရုံဖန်နှင့် စကားသွားပြောခဲ့သည် ။ ဟန်ချင်စုန့် နှင့်လင်းလန်တို့ ၏မျက်နှာကို ထည့်သွင်းစဉ်းစားခြင်းမရှိသော်လည်း တပ်မဟာအတွင်းရေးမှုးတစ်ယောက်အနေဖြင့် အဖွားကြီးဟန်  နေ့တိုင်း ပြဿနာရှာနေသည်ကို သည်းမခံနိုင်ပေ။

  သူတို့၏တရားစီရင်ပိုင်ခွင့်အောက်မှာ တည်ငြိမ်အေးချမ်းနေမည်ကို ဘယ်သူက မကြိုက်ဘဲနေပါမည်နည်း။

ထို့ကြောင့် ဟောင်ထျန်းက သူ့ကိုယ်ပိုင်စီးပွားရေးကို ထူထောင်ပြီး တပ်မဟာ၏အိမ်ကို ငှားကာ ရက်အနည်းငယ်အကြာမှာ ထွက်သွားခဲ့သည်။

နောက်ဆုံးတွင် ဤသည်က တရုတ်နှစ်သစ်ကူးအကြိုဖြစ်ပြီး၊ အနည်းဆုံး နှစ်သစ်၏ရှစ်ရက်မြောက်နေ့မှာ ရွှေ့သည်က ဟာသတစ်ခုပါပင်။

ကလေးတွေ ဖက်ထုပ်ပြုတ်သည့်အခါ ဟန်ချင်စုန့်က လင်းလန်ကိုဖက်၍ အရှေ့ခန်းထဲကို ဝင်သွားပြီးဆို၏။

"ဟောင်ထျန်းက ကြီးပြင်းလာပြီ"

လင်းလန်က  ခေါင်းညိတ်ပြပြီး
"သူက သားကောင်းတစ်ယောက်ပါ... အစ်ကိုကြီး ဘာပြောလဲ... သူ့အလုပ်မှတ်တွေကို အကြီးဆုံးယောက်မကို ပေးရမှာမလား”

မည်သို့ပင်ဖြစ်စေ  မကွာရှင်းသဖြင့် မိသားစုကို မထောက်ပံ့ရန်က မဖြစ်နိုင်ပေ။ထို့ပြင် အဖွားကြီးဟန်ကို အကုန်လုံးပေးရန်က လက်တွေ့မကျချေ။ ဟောင်ထျန်းနှင့်ကုမိန်တို့က  အရွယ်မရောက်သေးကြသည်ပင်။

ဟန်ချင်စုန့်က ခေါင်းညိတ်ပြီး
"ပင်စင်အကြောင်း ဆွေးနွေးဖို့ ဌာနခွဲအတွင်းရေးမှူးကို တောင်းဆို​ထားတယ်...အစ်ကိုကြီးက သူ့မိဘတွေကို ပြုစုစောင့်ရှောက်ပြီး ဒီထက်ပိုပြီး လုပ်မယ်...ကိုယ်တို့နဲ့ ဒုတိယအစ်ကိုက စားနပ်ရိက္ခာ ပိုွပေးမယ်"

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Tempat cerita menjadi hidup. Temukan sekarang