အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.1K 94 0
                                    

Part 433

လင်းလန်က သူပြောသည်ကို နားမလည်သလို ဟန်ဆောင်ကာ "ဒီမှာ... မြန်မြန် ရိုက်လိုက်"ဟုပြောလိုက်၏။

သူက သူမကို  ခြင်ထောင်ထဲဆွဲသွင်းလိုက်ပြီး  ထန်းရွက်ယက်တောင်ကို ခတ်ရင်း ခြင်ထောင်ချလိုက်သည်။

" ဝတ်ကြည့်... "

"ညကြီး  ဘာဝတ်ရမှာလဲ "

လင်းလန်၏ ပါးပြင်များက ပန်းရောင်သန်းနေပြီး  ပြတင်းပေါက် အပြင်ဘက်ရှိ နှင်းဆီပန်းများကဲ့သို့ နူးညံ့နေသည်။

ဟန်ချင်စုန့် ခေါင်းညိတ်ပြီးဆိုလိုက်၏။

"မှန်တယ်"
ညဘက် အဝတ်အစားဝတ်စရာမလိုဘူး...

သူက သူမအဝတ်အစားတွေကို စချွတ်ပါတော့သည်။

လင်းလန်က အသံတိုးတိုးလေးဖြင့်တားလိုက်၏။
“မလုပ်နဲ့လေ ဟေး ဟေး…”

တတိယအကြိမ် ရုန်းကန်ပြီးနောက်တွင် လင်းလန် နှင်းဖြူရောင် အညွှန့်လေးအဖြစ် အခွံနွှာခြင်းခံလိုက် ရခဲ့သည်။

သူမ ခပ်အီအီလေးဆိုလိုက်၏။
"...ရှင့်လက်တွေက ဘာလို့ ဒီလောက်  မြန်နေတာလဲ"

သူက သူမအပေါ် အုပ်မိုးလိုက်ပြီး တံတောင်ဆစ်တွေကို သူမနံဘေးသို့ ဆန့်ထုတ်ကာ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် ကွေးညွတ်နေလျက်ဆိုလေသည်။

"ပိုမြန်နိုင်သေးတယ်"

လက်နက်တွေ တစ်စစီ စနစ်တကျဖြုတ်ရသည့်လေ့ကျင့်ရေးက အလကားမဟုတ်ချေ။

သူက သူ့ဘယ်လက်ကို မြှောက်လိုက်ပြီး ညာလက်ကို  သူ့ခန္ဓာကိုယ်ကို သူမကိုယ်ပေါ်ဖိမနေအောင် ထောက်ထားလိုက်သည်။သူက သူလက်ချောင်းတွေကို သူ၏စွပ်ကျယ်မှာ ချိတ်ကာ လင်းလန်ဆီသို့ ဆွဲလိုက်၏။

လင်းလန် သူမ အမခံလိုက်ရပြီး ချက်ချင်း ပြန်ချခံလိုက်ရသည်ကိုပဲ ခံစားလိုက်ရကာ ၎င်းနောက် ...

"အာ့ စန်းကော... ကျွန်မ မျက်စိကန်းနေတာပါ..."

သူမက သန်မာသည့် သူ့ပုခုံးတွေကို အမြန်ဖက်လိုက်ပြီး မသိစိတ်ကနေ  သူမခြေထောက်တွေကို သူ့ခါးမှာ ပတ်ထားလိုက်သည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now