အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.2K 115 0
                                    

Part 421

နောက်နေ့အနည်းငယ်တွင် လင်းလန်က ဟန်ချင်းဟွတစ်ယောက် အလွန်ကြင်နာကာ နေ့တိုင်းပြုံးနေကြောင်း သတိထားမိလိုက်သည်။ ဟန်ချင်စုန့် သူ၏သားများနှင့် မနက်ခင်းလေ့ကျင့်ခန်းလုပ်ချိန်တွင် သူပါလိုက်ပြေးပြီး သူလည်း လေ့ကျင့်ခန်းလုပ်ရတာ အလေ့အကျင့်ဖြစ်နေပြီး အိမ်သို့ပြန်ရောက်ချိန်တွင် လေ့ကျင့်ခန်းမလုပ်ရ၍ သက်တောင့်သက်သာမရှိကြောင်းပြောပြလေသည်။

ဟန်ချင်စုန့်က သူ့ကိုမငြင်းဆိုသလို လင်းလန်ကလည်း သံသယမဝင်ပေ။ အဆုံးတွင် ဟန်ချင်စုန့်ပုံစံက ပုံမှန်သာဖြစ်နေသည်။

ဟန်ကျင်းယု၏ ဘလိုင်းဒိတ်ပြီးနောက်တွင် သူက စက်ဘီးနှစ်စီးငှားခဲ့သည်။ သူမက မပျော်သော်လည်း ယောက်မဟုသာခေါ်ပြီး ဖားပေလိမ့်မည်ဖြစ်သည်။ လင်းလန်ကလည်း သူမဘက်က ယဉ်ကျေးနေ၍ ကိုယ့်ဘက်က စောင်းချိတ်မနေတော့ပေ။

ကလေးများ ကျောင်းပိတ်ရက်ရချိန်တွင် လင်းလန်ကမနက်စာစားရင်း မြစ်သို့သွားပြီး အဝတ်သွားလျှော်ကြမည်ဖြစ်ကြောင်း ကြော်ငြာလေသည်။

စန်းဝမ်က ပြေးထွက်လာပြီး ထိပ်ဆုံးမှနေရာယူလေကာ အခြားလူများက ခြင်းတောင်းများ အိုးများ၊ ဆပ်ပြာများနှင့်အတူ ခွေးခြေခုံအပုလေးများပါ ယူလာခဲ့သည်။

ရှောင်ဝမ်က လူတိုင်းအတွက် ခေါင်းဆောင်လုပ်ပေးကာအော်လိုက်သည်။

"ကျွန်တော်တို့က ဆိုရှယ်လစ်ဝါဒရဲ့ အောင်မြင်ကြတဲ့လူတွေပဲ.... အဆင်သင့်ဖြစ်ရင် စကြမယ်...."
ထို့နောက်တွင် တစ်မိသားစုလုံး ငယ်ရွယ်သောရှေ့ဆောင်သူများ(young pioneers) သီချင်းကိုဆိုကြပြီး မြစ်ဆီချီတက်ကြသည်။

ရွာထဲတွင် ချန်းရှမြစ်တစ်လျှောက်၌ ကျောက်ပြားများကိုထားကြပြီး ရွာသားများ အဝတ်လျှော်ခြင်း ဟင်းသီးဟင်းရွက်ဆေးခြင်းတို့ ပြုလုပ်နိုင်အောင် လုပ်ထားကြသည်။ နွေဦးရာသီပြီးနောက်တွင် ဤနေရာက ပူပြင်းသောနေရာတစ်ခုဖြစ်လာပေလိမ့်မည်။ နေ့တိုင်း အမျိုးသမီးများက အဝတ်လာလျှော်ကြလေ့ရှိသည်။

စန်းဝမ်က သူ့အမေ သူ့အစ်မနှင့် အစ်ကိုများရှိသည့်နေရာမှထွက်လာကာ အကောင်းဆုံးနေရာကို သိမ်းပိုက်လိုက်ပြီး အခြားနေရာများက အခြားအမျိုးသမီးများကနေရာယူထားသည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Donde viven las historias. Descúbrelo ahora