အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.3K 110 0
                                    

Part 348

လင်းလန် ဟန်ချင်စုန့်၏ လည်ပင်းအား ဖက်လိုက်ကာ ရှေ့သို့တိုး၍ နမ်းမည် လုပ်သော်လည်း  လက်မခံဘဲ သူမ၏ မျက်နှာလေးအား ကိုင်ကာ မျက်လုံးများကိုသာ စိုက်ကြည့်နေလေသည်။

" ဘယ်တစ်ယောက်ကို ကောင်လေးဖြစ်စေချင်နေတာလဲ ဟမ်  "

လင်းလန်း : " ..... " ရူးချင်လာပြီနော်။

" ရှင်ရော မဖြစ်ချင်ဘူးလား။ " မေးခွန်းသာပြန်မေးကာ တိုက်စစ်ဆင်လိုက်တော့သည်။

ဟန်ချင်စုန့်က သူမအား ကောက်ပွေ့ကာ ချီလိုက်လေသည်။

ရုတ်တရက် လေထဲသို့ မြောက်သွား၍ လင်းလန်သည် လည်ပင်းအား တင်းတင်းကြပ်ကြပ် ဖက်လိုက်ကာ ခြေထောက်များကိုလည်း ဟန်ချင်းစုန့်၏ ခါးတွင် ချိတ်လိုက်မိလေသည်။

" အပြင်မှာ လူတွေရှိတယ်လေ ။ "

တစ်ယောက်ယောက် ၀င်လာရင် ဘယ်လိုလုပ်မလဲ။

ဟန်ချင်စုန့်က လင်းလန်အား သူ့ကိုယ်ကိုသာ အမှီပြုထားနိုင်ရန် စားပွဲနှင့်ဝေးအောင် နောက်သို့ တစ်လှမ်းထပ်ဆုတ်လိုက်လေသည်။

" ကောင်လေးဆိုတာက ဘာလဲ။ "

လင်းလန် : ".... " ဆိုတော့ သူ မသိဘူးပေါ့လေ! ငါအလိမ်ခံလိုက်ရပြီ ။

" ..... အဲ့တာက "

ဟန်ချင်စုန့် : " ကိုယ့်ကို အရူးလုပ်ဖို့ မစဥ်းစားနဲ့နော်။ "

" အဲ့တာက .... အချင်းချင်း ချစ်ခင်ကြတဲ့ လူငယ်လေးနှစ်ယောက်ကိုပဲ ခေါ်တာ ၊ ဒါပေမယ့် လက်တော့ မထပ်ရသေးဘူး။ "

ဟန်ချင်စုန့်သည် မျက်မှောင်ကြုံ့လေသည်။

" လူငယ်လေးတွေ ၊ ချစ်ကြတယ် ၊ လက်မထပ်ရသေးဘူး ... "

ပြောရင်းဖြင့် စိတ်ဆိုးသည့် အမူအရာ ဖြစ်လာတော့သည်။

လင်းလန် သူ့အမူအရာကို ကြည့်ကာ လန့်နေမိသော်လည်း ပြုံးတော့ ပြုံးမိသွားသေးသည်။

" အဲ့တော့ မင်းက ကွာရှင်းချင်နေတာလား။ "

အသံသည်ပင် အေးစက်လာတော့သည်။

လင်းလန် အမြန် ပြန်ရှင်းပြရတော့သည်။ " မဟုတ်ဘူး ၊ မဟုတ်ဘူး ။ အထင်မလွဲပါနဲ့ ။ "

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now