အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်

1.1K 108 0
                                    

Part 414

ဟန်ကျင်းယုက ဒုတိယယောက်မဟန်၏ မကောင်းသည့် အကြည့်များကို ခံစားမိတာကြောင့် ပြောလိုက်သည်။

" နင်ဘာတွေတွေးနေပြန်တာလဲ ....."

ဒုတိယယောက်မဟန် : " လယ်က ကောင်းတယ်လို့ တွေးနေရုံတင်ပါ ....."

" ကောင်းတယ်ထင်ရင် လယ်သွားစိုက်လေ ...."

ဟန်ကျင်းယု ဒေါသဖြစ်စွာ လက်ယမ်းလိုက်သည်။

ယောက်မဟန်က ဒေါသမထွက်ပေ။ သူမက ဟန်ချင်ဟွကို ထိုအကြောင်း မေးလိုက်သည်။ ဟန်ချင်ဟွက စိတ်ရှုပ်ပုံမပြဘဲ အပြုံးနှင့် သူမမေးသမျှကို ပြန်ဖြေခဲ့သည်။

အဘွားကြီးဟန်က သူမ၏ အဖိုးတန်သားလေးက ပင်ပန်းပြီး နှိပ်စက်ခံခဲ့ရသည်ဟုတွေးကာ အိမ်ထဲတွင် စိတ်ဓာတ်ကျနေခဲ့သည်။ သူမ စိတ်ကလည်း ပိုမကောင်းလာပေ။

" ကျင်းယု နင့်တတိယအစ်ကိုပြန်လာပြီလား သူကို လာခိုင်းလိုက် မေးရအောင် ....."

.....

လင်းလန်သည်လည်း အလွန်အံ့ဩနေခဲ့သည်။ ကလေးများ ကျောင်းသွားပြီးနောက်တွင် သူမက ထိုအကြောင်းကို အိမ်မှာ ဆက်တွေးနေခဲ့ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်နေခဲ့သည်။ သူက သစ်သားချောင်း သစ်သားခက်ရင်းများကို အိမ်နှင့် ခြံထဲတွင် သူမအလွယ်တကူယူ၍ရသောနေရာတွင် ထားထားလိုက်သည်။ ထို့မှသာ ဟန်ချင်ဟွ တစ်ခုခု လုပ်လာပြီဆိုပါက သူမပြန်လည် ခုခံနိုင်မည်ဖြစ်သည်။

ထို့နောက် သူမက စောင်များ ချည်အဝတ်များနှင့် အိမ်တွင်ရှိသမျှ  စောင် ငါးထည် ခြောက်ထည်လောက်အကုန်ယူကာ လူတိုင်း၏ အပေါ်ဝတ်များ အကုန်လုံးကို ဖယ်ပစ် လျှော်ဖွပ်ပစ်ပြီး အခြောက်ခံကာ ချုပ်ထားလိုက်သည်။

ထိုအချိန်တွင် ယောက်မဟန်က  ရေမှုန့်များ တင်နေသော လတ်လတ်ဆတ်ဆတ် ခူးထားသည့် တည်သီး တစ်ပုံးကို သယ်ကာရောက်လာခဲ့သည်။

" ညီမရေ ဒီနိုင်ငံခြား တည်သီးတွေကို ကြည့်ပါအုန်း မှည့်နေပြီမလို့ ငါအချို့ ခူးလာခဲ့တယ် ....."

လင်းလန်၏ အသီးအရွက် ဥယျာဉ်တွင်လည်း အများကြီးရှိနေသော်ငြားသူမတွင် ကလေး အများကြီးရှိနေသည်။ ထို့အပြင် ကလေးများက တည်သီးအေးအေးလေး စားရတာ သဘောကျကြသည်။ ထို့ကြောင့် သူတို့က တည်သီးတွေ အကုန် တခဏအတွင်းမှာပဲ စားလိုက်ပြီး မကျန်တော့ပေ။ ထို့ကြောင့်လသူတို့နှင့် ရင်းနှီးတဲ့သူတွေက အနည်းငယ် လာပေးကြသည်။

အတွဲ( ၃ )၇၀ခုနှစ်များမှစည်းကမ်းကြီးသည့်ဇနီးသည်Donde viven las historias. Descúbrelo ahora