<Unicode>
တချိန်လုံးရန်ပွဲဘေးမှာငြိမ်ကုပ်နေသည့်အစိမ်းလုံးကအသံထွက်လာတာမလို့ရှောင်းကျန့်ကပြောဆိုသည့်သဘောနဲ့မျက်ခုံးပင့်ကာအစိမ်းလုံးကိုကြည့်လိုက်တယ်
*အဲ့ဒါကhostကhostဝင်ရောက်တဲ့ကမ္ဘာတိုင်းမှာဝမ်ရိပေါ်နဲ့ဆုံချင်တယ်ဆိုရင်ဆုံလို့ရပါတယ်....ဒါပေမယ့်.....*
*ဒါပေမယ့်ဘာဖြစ်လည်းဆက်ပြောလေ....*
*ဒါပေမယ့်...သူကဒီလိုပုံစံနဲ့ပုံရိပ်ယောင်ကမ္ဘာထဲဝင်ရမှာမဟုတ်ပဲ...သူ့ကသူဝင်ရောက်တဲ့ဇာတ်ကောင်နဲ့တသားတည်ကျသွားပြီးhostနဲ့ပတ်သက်တာတွေရောပုံရိပ်ယောင်ကမ္ဘာထဲမဝင်ခင်ကအရာတွေကိုမှတ်မိမှာမဟုတ်ဘူး.....*
*လူလဲလို့မရဘူးလား...သည်းညှာနေရာမှာငါဆိုရင်ရော....*
*မရပါဘူး...hostရဲ့စိတ်ဝိဉာဉ်ကအားကြီးတဲ့အတွက်ဇာတ်ကောင်နဲ့တသားတည်းကျဖို့မဖြစ်နိုင်ပါဘူး....နောက်ပြီးhostကလည်းအလုပ်မရှိ၁၀၉၊၁၁၀လုပ်လို့မရပါဘူးသာမာန်hostတွေလိုမျိုးမစ်ရှင်တွေထမ်းဆောင်ရပါမယ်*
*ငါကအဆင်ပြေတယ်.....ဒါပေမယ့်သည်းညှာအတွက်ကအဆင်ပြေပါမလား....*
*အဲ့အတွက်စိတ်မပူနဲကျွန်တော့်တာဝန်ထားလိုက်....ကျွန်တော်သွားညှိ့နှိုင်းပေးမယ်*
*အင်း...မြန်မြန်သွားမြန်မြန်ပြန်လာ*
*ဟုတ်ကဲ့ပါhost*
အစိမ်းလုံးထွက်သွားတော့ရှောင်းကျန့်ကspaceထဲလှည့်ပတ်ကြည့်ကာအချိန်တွေကိုဖြုန်းစေလိုက်သည်။
သေချာတာကသူ့ရဲ့စိတ်တို့ကတော့ရိပေါ်ဆီသို့သာရောက်ရှိနေခဲ့တာပင်..........
*အာ့.....ကျွတ်....ကျွတ်....ဟင်.....ဘယ်လိုဖြစ်လို့ဒီကိုပြန်ရောက်နေတာလဲ*
ခေါင်ကမူးဝေနေတာမလို့ရိပေါ်ခေါင်းကိုအသာအယာနှိပ်နယ်ကာsystem spaceထဲရောက်နေတာမလို့အံ့ဩသွားရသည်။
သူနောက်ဆုံးမှတ်မိတ်ဆိုလို့ရှောင်းကျန့်နဲ့နတ်ဆိုးဘုံကိုသွားဖြိုတယ်ပြီးတော့ရုတ်တရက်ကြီးသူမေ့လဲသွားပြီးအခုနိုးလာတော့ဒီကိုရောက်နေတာပင်ဖြစ်သည်။